31.1 C
Yangon

နတ်တလင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေသော ရာအိမ်မှူး ဖိုးကျော် ပစ်ခတ်ခံရပြီး သေဆုံး၊ ဖုန်းနှင့် ဆိုင်ကယ်တို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေသော ရာအိမ်မှူး ဖိုးကျော်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ရှားစီးဘိုရွာ အောက်စုမှ ရာအိမ်မှူး ဖိုးကျော်ကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာအတွင်းရှိ ၎င်းနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်စဉ် ထွက်ပြေးသွားသောကြောင့် လိုက်လံ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရှားစီးဘိုရွာ အောက်စုမှ ရာအိမ်မှူး ဖိုးကျော်သည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ကျေးရွာအတွင်း လစဉ် စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေး ကောက်ခံခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သေဆုံးသွားသော ရာအိမ်မှူး ဖိုးကျော်ထံမှ ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ရာအိမ်မှူး ဖိုးကျော်က လူငယ်တွေကို စစ်ခွေးတွေနဲ့ ပူးပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လစဉ် စစ်မှုထမ်းကြေးကောက်ခံတာတွေ လုပ်ဆောင်နေတာ သူ့ရဲ့ နေအိမ်အတွင်းကို သွားရောက် ပစ်ခတ်ခဲ့တာ သူကထွက်ပြေးလို့ နောက်ကနေ လိုက်ပစ်တာ ပွဲချင်းပြီး သေဆုံးတယ်။ ကျနော်တို့ လိုက်ပစ်တဲ့နေရာက စစ်ခွေး ကင်းပတ်နေတဲ့ အနီးတစ်ဝိုက်မှာပဲ ပစ်ခတ်နိုင်ခဲ့တယ်။ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၇) Gold Brother ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article