31.1 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် ထားဝယ်မြို့သို့ ရောက်ရှိနေပြီး လုံခြုံရေးစိုးရိမ်သဖြင့် စစ်အင်အားထောင်ချီသုံးကာ တစ်မြို့လုံးကို ပိတ်ဆို့ထား၊ ထားဝယ်မြစ်တွင်လည်း စစ်သင်္ဘောများ ကင်းလှည့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ အကြမ်းဖက် မင်းအောင်လှိုင် ထားဝယ်မြို့သို့ ရောက်ရှိနေပြီး လုံခြုံ ရေးစိုးရိမ်သဖြင့် စစ်အင်အားထောင်ချီသုံးကာ တစ်မြို့လုံးကို ပိတ်ဆို့ထားကာ ထားဝယ်မြစ်ထဲတွင်လည်း စစ်သင်္ဘောများ ကင်းလှည့်နေကြောင်း ဒေသပြည်သူများနှင့် ထားဝယ်အခြေစိုက် တော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ထားဝယ်မြို့သို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေပြီး မြို့ပေါ် လမ်းပိုင်း အားလုံးကို စစ်တပ်က ပိတ်ပင်ထားကြောင်း၊ မြို့တစ်မြို့လုံးတွင် လုံခြုံရေး အင်အား ထောင်နှင့်ချီ ချထားပြီး သံချပ်ကာကားများလည်း လှည့်လည်နေကြောင်း၊ ထို့ပြင်ထားဝယ်မြစ်ထဲတွင်လည်း စစ်သင်္ဘောများ၊ဖြင့် ကင်းလှည့်နေကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းအောင်လှိုင်က ယနေ့တွင် ထားဝယ်မြို့တော် ခန်းမ ဖွင့်ပွဲ အခမ်းအနား တက်ရောက်နေပြီး ထားဝယ်မြို့မှ Non-CDM များ၊ မြို့မိမြို့ဖနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထားဝယ်မြို့ပေါ်မှ တန်ခိုးကြီးဘုရားတချို့နှင့်ဘုန်းကြီးကျောင်းများသို့လည်း သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း သိရှိရသည်။

“ထားဝယ်မြို့ အဝင်အထွက်ကို အကုန်းလုံးပိတ်လိုက်ပြီး စစ်ခွေးခေါင်းဆောင် မင်းအောင်လှိုင် ရောက်နေပြီလို့ သိရတယ်။ ထားဝယ်မြို့တော် ခန်းမသစ် ကို လာရောက်ဖွင့်လှစ်တာလို့ သိရတယ်။ ထားဝယ်မြို့ပေါ်မှာ စစ်ခွေးတွေ အရပ်ဝတ်တွေနဲ့ကော ကားတွေနဲ့ ကောကင်းလှည့်နေတာ အင်အားက ထောင်နဲ့ချီပြီးရှိတယ်။ ထားဝယ်မြို့ထဲမှာလည်း စစ်သင်္ဘောတွေကော သံချပ်ကာ ကားတွေကို သံခွန်ပေါ်တင်ပြီး ကင်းလှည့်နေတာတွေကို ရေကြောင်း အင်အားလည်း အများအပြားချထားတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော ထားဝယ်-လောင်းလုံးလမ်းပိုင်းကိုလည်း အကြမ်းဖက် စစ်တပ်က အင်အား ရာနှင့်ချီ တပ်ဖြန့်ထားပြီး ကမြောကင်း တံတားကိုလည်း ပိတ်ချကာ ဖြတ်သန်းခွင့် မပေးတော့ကြောင်း သိရသည်။

ယမန့်နေ့ကလည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည်ဖြစ်သောကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ကာ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူ မြို့နယ်တို့ရှိ ကျေးရွာ ၁၀ ခုကျော်ကို Y-12 လေယာဉ် ၂ စီးဖြင့် ၁၂၀ မမ ဗုံးများ အကြိမ် ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် လောင်းလုံးမြို့နယ်၊ ဝေဒီရွာမှ အသက် ၆၀ နှစ် အရွယ် ဒေါ်တင်ရှိန် နှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် ဦးယူစိန်၊ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၁၀ နှစ် အရွယ် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article