32 C
Yangon

သရက်ထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ လုံလောက်စွာ မရ၍ နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင် သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

မကွေးတိုင်း၊ သရက်အကျဉ်းထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ လုံလောက်စွာ မရ၍ နိုင်ငံ ရေးအကျဉ်းသား ကိုကျော်လင်းအောင် သေဆုံးသွားကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ကိုကျာ်လင်းအောင် ခေါ် ပြည်ကျော်သည် ပြင်ပဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း၊ကိုကျော်လင်းအောင်မှာ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသက်ရှူကျပ်ဝေဒနာနှင့် ပြင်ပဆေးရုံတင်ခဲ့ပြီးနောက် ၃ ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ကိုကျော်လင်းအောင်က ၂၀၂၃ ခုနှစ်ကတည်းက ကျတာ။ ၅၂ က၊ ၅၁ က နဲ့ နှစ်ခုပေါင်း ၁၁ နှစ် ။ အထဲဘက်မှာ အခြေအနေက ဆိုးတယ်ဗျ။ အဓိကကတော့ ကျန်းမာရေးစောင့်ရှောက်မှုသိပ်မရတာပဲ။ လုပ်ပေးတာတွေက သာမန်ကာ လျှံကာတွေပါ။ အခြားထောင်တွေလို အရမ်းကြီးရိုက်နှက် နှိပ်စက်နေတာမျိုးတော့ မရှိပေမယ့် ဘာတစ်ခုမှ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အဆင့်မမီဘူးဗျ။ အမျိုးသမီးနိုင်/ကျဉ်းတွေဆို အလုပ်လုပ်ရတယ်။ ထောင်မှူးမက အလကားနေရင်းကို ဆဲတာတွေ ခံရတယ်” ဟု သရက်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် သရက်ထောင်အတွင်း မူးယစ်ဆေးများ အလုံးအရင်းဖြင့် ဖြန့်ချိရောင်းချမှုများရှိနေပြီး အဆိုပါ မူးယစ်ဆေးများကို အကျဉ်းထောင်ဝန်ထမ်းများ ကိုယ်တိုင် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ထောင်ထဲမှာက အသီးနဲ့ ဆေးခြောက်တော့ လုံးဝမပြတ်ဘူးဗျ။ ဘယ်သူဖြန့်လဲဆိုတာ အရှင်းကြီးပါပဲ။ အကျဉ်းသားတွေမှ အပြင်ထွက်လို့ မရတာ။ သူတို့ပဲထွက်လို့ ရတာလေ” ဟု သရက်ထောင်နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ စုစုပေါင်း ၂၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article