31 C
Yangon

စစ်ကော်မရှင်ဟု အမည်ပြောင်းလဲထားသော စစ်အုပ်စုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူမည်ဟု NUG နှင့် NUCC ပူးတွဲကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာလ ၁၈

စစ်ကောင်စီမှ စစ်ကော်မရှင်ဟု အမည်ပြောင်းထားသော စစ်အုပ်စုမှာ အကြမ်းဖက် အဖွဲ့အစည်းသာဖြစ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ” က အသွင်ပြောင်းထားသည့် “နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်” သည်လည်း အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သောကြောင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ပြည်သူ လူထု၏ ရန်သူ” ဖြစ်ကြောင်း ၊ ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများသည်လည်း အကြမ်း ဖက် အုပ်စုဝင် အဖွဲ့အစည်းများ ဖြစ်ကြောင်းကြေညာထားသည်။

“အဓိက ကတော့ အရင်စစ်ကောင်စီကို CRPH ကလည်း အကြမ်းဖက်အဖွဲ့အစည်းကြေညာခဲ့သလို အမျိုးသားညီညွတ်ရေးအစိုး ရကလည်း အကြမ်းဖက်အဖွဲ့အဖြစ်ရော နိုင်ငံတော်နှင့်ပြည်သူလူထုရန် သူ – Enemy of the State” အဖြစ် ကြေညာခဲ့တာရှိပါတယ်၊ အခုသူတို့ပြောင်းလဲလိုက်တဲ့ စစ်ကော် မရှင်ဆိုတာကလည်း အခုနက အကြမ်းဖက်စစ်ကောင်စီကိုပဲ အသွင်ပြောင်းလိုက်တဲ့ အဖွဲ့ အစည်း ဖြစ်တယ်၊ အဲဒီအတွက်ကြောင့် စစ်ကော်မရှင်သည်လည်း အခုနက ရှေ့မှာထုတ်ပြန်ထားတဲ့ ထုတ် ပြန်ချက်တွေနဲ့ အကျုံးဝင်တာမှာဖြစ်တဲ့အတွက် သူသည်လည်းပဲ အကြမ်းဖက်အဖွဲ့၊ သူသည် လည်း ပဲ နိုင်ငံ တော်နှင့်ပြည်သူလူထုရန် သူ – Enemy of the State” ဖြစ်တယ်ဆိုတာကို ထပ်ဆင့်ပြီးတော့ ကြေညာတာဖြစ်ပါတယ်။ စစ်ကော်မရှင်တင်မကဘူး။ သူ့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ အား လုံး ကလည်း အကြမ်းဖက် အဖွဲ့တွေသာဖြစ်တယ်ဆိုတာကို ထပ်မံ ကြေညာတာဖြစ်ပါတယ်။ အဲဒီ တော့ စစ်ကော်မရှင်နဲ့ သူ့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ ဒါတွေအကုန် လုံးကို ကျနော်တို့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အကြမ်းဖက် ဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကနေ ဆက်လက်ပြီးတော့ အရေးယူသွားမှာ ဖြစ်ပါတယ်။” ဟု NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ပြည်သူ့အစိုးရအဖွဲ့ဝင် များကို မတရားဖမ်းဆီးပြီး ပြည်သူ့ အာဏာကို သိမ်းယူခဲ့ခြင်းသည် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ က ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသား များအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် “နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် အဆိုပါ အကြမ်းဖက်အုပ်စု ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ – Enemy of the State” အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” က အသွင်ပြောင်းထားသည့် “နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်” သည်လည်း အထက်ပါ ကြေညာချက်များနှင့် အကျုံးဝင်သည့် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကော်မရှင်က တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များအပါအဝင် တော်လှန် ရေး အင်အားစုများအပေါ် အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခြင်းများ သည် တရားမဝင်ပျက်ပြယ်ပြီး ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကော်မရှင်နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများအားလုံး၏ လုပ်ဆောင်ချက်မှန်သမျှသည်လည်း တရားဝင်မှုမရှိကြောင်းနှင့် ၎င်းတို့ကို အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ် ကြောင်း NUG နှင့် NUCC က ပူးတွဲ ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article