31 C
Yangon

မုံရွာနှင့် ယင်းမာပင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူဂိတ်စစ်တပ်အထိုင်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က မုံရွာမြို့နယ် ၊ မအူဂိတ်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ နဂါးတွင်းကျေးရွာ အတွင်းသို့ လက် နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦး ထိမှန် ဒဏ်ရာခဲ့ကြောင်း၊ ထိုသို့ ဒဏ်ရာရရှိသူများ အနက် ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမျိုး သမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“နေအိမ်တွေတော့ ထိခိုက်တာမျိုးမရှိပါဘူး။ သေသွားတဲ့အမျိုးသမီးက ဘုရားပန်းသွားဝယ်ပုံရတယ်။ သူက အများဆုံး ထိခိုက်ဒဏ်ရာရသွားတာ၊ သူလာရာလမ်းမှာ ဖြစ်သွားတာတာဆိုတော့။ ပြည်သူ တွေအနေနဲ့ကတော့ အေးချမ်းစွာ ဘုရားပန်းဝယ်၊ ကုသိုလ်လုပ်ချိန်တောင် စကစ က သတ်ရင် သေ ရတာပါပဲ” ဟု မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ စက်တင်ဘာလ ၁၅ ရက် နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ကလည်း ယင်းမာပင်မြို့နယ်၊ အောင်ဇေ ယျကုန်းတွင် တပ်စွဲထားသော စစ်တပ်က ညောင်ပင်ဇောက် ကျေးရွာအတွင်းသို့ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ၇ ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများ အေးချမ်းစွာနေထိုင် နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံး ရှင်းထုတ်နိုင်ရေး ပြည်သူအားလုံး ပူးပေါင်း ပါဝင်ပေးကြပါရန်နှင့် ဝိုင်းဝန်းကြိုးစားတွန်းလှန်ပေးကြပါရန် မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တိုက်တွန်းထားသည်။

ဓာတ်ပုံ – မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article