ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင် ထားဝယ်မြို့ကို ရောက်ရှိနေတဲ့အချိန် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် စစ်အင်အား ထောင်ချီသုံးပြီးတော့ တစ်မြို့လုံးကို ပိတ်ဆို့ထားတဲ့အပြင် ၊ ထားဝယ်မြစ်မှာပါ စစ်သင်္ဘောတွေ ကင်းလှည့် နေတယ်လို့ ဒေသခံပြည်သူတွေက ပြောထားသလို ထားဝယ်အခြေစိုက် သတင်းရင်းမြစ်ကကလည်း ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းက ဗန်းမောက်မြို့သိမ်း တိုက်ပွဲဟာ ဆက်လက် ပြင်းထန်နေပြီး တော်လှန်ရေး ပူပေါင်းတပ်တွေက အကြမ်းဖက် စစ်တပ်ရဲ့ ကာကင်းစခန်း ၆ ခုကိုသိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ PDF စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပြင်ဦးလွင်မြို့မှာ အကြမ်းဖက် မင်းအောင်လှိုင်သား အောင်ပြည့်စုံ အပါအဝင် စစ်တပ်က သိမ်းယူခဲ့တဲ့ တိုးချဲ့ တပ်မြေ ဧက ၂၀၀ ကျော် ပြန်လည်ရရှိရေးအတွက် အသိမ်းခံရတဲ့ ပြည်သူတွေက ကန့်ကွက်စာတွေ တင်သွင်းလိုက်တယ်လို့ မြေသိမ်းခံရတဲ့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက နတ်တလင်းမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းကြေး လစဉ် ကောက်နေတဲ့ ရာအိမ်မှူး ဖိုးကျော် ဆိုသူ ပစ်ခတ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
