28.6 C
Yangon

ဖားကန့်တွင် စစ်တပ်က ဆန်းကြွယ်ရွာကို သိမ်းပိုက်ပြီးနောက် လက်နက်ကြီးပစ်ခတ်ခြင်း၊ ကျောက်မျက်လုပ်ကွက်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက် လုပ်လာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်က ဆန်းကြွယ်ရွာကို သိမ်းပိုက်ပြီးနောက် လက်နက်ကြီးပစ်ခတ်ခြင်း၊ ကျောက်မျက်လုပ်ကွက်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက် လုပ်လာကြောင်း ဒေသပြည်သူများနှင့် KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း တွင် KIA နှင့် PDF တော်လှန်ရေးတပ်များ ဆုတ်ခွာထားသည့် ဆန်းကြွယ်ကျေးရွာအတွင်းရှိ ရတနာမိုးမြေ ကုမ္ပဏီပိုင် စက်ယန္တယားများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖားကန့်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် ဆန်းကြွယ်ရွာကို သိမ်းပိုက် ဝင်ရောက်နေရာယူလိုက်ကြောင်း၊ ယင်းနောက် ပြည်သူများ ရှိသည့် ဘက်များသို့ တိုက်ပွဲ ဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ကလေး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီတွင် ဖားကန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ပြည်သူများ ရှိရာဘက်များဖြစ်သည့် ရှရွန်ခ၊ မန ၊ မော်ရှန်ဘက်များသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည် ။

“ပစ်ခတ်တော့ နေ့လယ်ပိုင်း မန ကွက်သစ်မှာ လက်နက်ကြီး ကျပြီးတော့ ပြည်သူတစ်ယောက်သေတယ်၊ ၃ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ညနေပိုင်းမှာလည်း ရှရွန်ခ RC ကျောင်းကို လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ဘုရားကျောင်းစောင့်တဲ့ ကချင်အဘိုးကြီးတစ်ယောက် ပွဲချင်းပြီး သေသွားတယ်။ ညနေ ၄ နာရီလောက်မှာလည်း မော်ရှန်၊ ဆိုင်းတောင် မော်ရှန် ချောင်းဖျားဘက်ကို လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ကလေးတစ်ယောက် ပွဲချင်းပြီးသေတယ်။ ပြီး ကလေးငယ် အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ဖားကန့် မှော်ဝိုင်းရပ်ကွက် စုပေါင်းရုံးနားရှိ ရေဆေးဆီလိုက်ဘေးတွင်လည်း အကြမ်းဖက်စစ်တပ်က အမျိုးသား တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့ကာ အကြမ်းဖက်စစ်သားများက ရုပ်အလောင်းကို သယ်ယူသွားကြောင်းလည်း သိရှိရသည်။

“ဖားကန့်မှာ တပ်မ ၃၃ ၊ တပ်မမှူး ဗိုလ်မှူးချုပ် ကောင်းမင်းထွဋ်နဲ့ မိုးကောင်းအခြေစိုက် တပ်မဟာ ၃ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းတို့ ဇော်ဝင်းတို့ ရောက်လာကတည်းကနေ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ တိုက်နေတယ်။ စစ်ကြောင်းထိုးတဲ့အချိန် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်တဲ့အတွက် ပြည်သူတွေ သေတာ ၈၀ နီးပါး။ ထိခိုက်ဒဏ်ရာ ၂၅၀ ကျော်လာပြီ။ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်က မေလနှောင်းပိုင်းမှစတင် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိလည်း စစ်တပ်က အင်အားများ ဆက်လက်ဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article