စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး Mohiuddin Ahmed က AA အနေ ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများတွင် ပါဝင်နေကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်များက မူးယစ်ဆေးဝါးများကို အဓိက သယ်ဆောင်သူများဖြစ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများမှာ AA ထံမှဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
“ရိုဟင်ဂျာတွေက ယာဘမူးယစ်ဆေးဝါးတွေကို အဓိက မှောင်ခိုကုန်ကူးသူတွေပါ။ မူးယစ်ဆေးဝါးတွေ သယ်ယူတာက အရမ်းမြန်တော့ ဖမ်းရခက်ပါတယ်။ အဲဒီလို မူးယစ်ဆေးဝါးကုန်ကူးသူတွေက AA ဆီကနေ မူးယစ်ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သယ်လာပါတယ်။ မူးယစ်ကုန်ကူးသူတွေက ပင်လယ်လမ်းကြောင်းနေက လှုပ်ရှားသယ်ယူပါတယ်။ မူးယစ်ဆေးဝါးတွေရဲ့ ၈၀ ရာခိုင်နှုန်းက ကမ်းရိုးတန်းဆိပ်ကမ်းမြို့တွေကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ရောက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ထဲမှာ ဖြန့် ဖြူးတဲ့အပြင် အခြားနိုင်ငံတွေကိုပါ ဆက်ပြီး သယ်ပူပို့ဆောင်ပါတယ်။ ဒါက ကျနော်တို့ လူငယ်တွေနဲ့စီးပွားရေးကို ခြိမ်းခြောက်နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး Mohiuddin Ahmed က ထုတ်ဖော်ပြောဆိုခဲ့သည်။
အာရက္ခတပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် အာရက္ခတပ်တော် AA က ပါဝင်နေသည်ဟု ဘင်္ဂလားဒေ့ရှ်၏ စွပ်စွဲမှုမှာ အခြေအမြစ်မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။
“BGB က စွပ်စွဲထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဆီ မူးယစ်ဆီးဝါးတွေကို AA ထိန်းချုပ်နယ်မြေက လာယူနေတယ်ဆိုတာ လုံးဝ မဟုတ်ပါ။ အခြေအမြစ်မရှိ တစ်ဖက်သတ်လုပ်ကြံစွပ်စွဲချက်ဖြစ်ပါတယ်” ဟု ခိုင်သုခက ပြောဆိုသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်-BGB အနေဖြင့် နယ်စပ်တွင် စစ်သွေးကြွများကို လက်နက်တပ်ဆင်ပေးပြီး စစ်သင် တန်းများ ပေးအပ်နေ၍ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဆိုးဝါးစွာ ခြိမ်းခြောက်နေကြောင်း၊ ဒုက္ခသည်များကို သင် တန်းပေး လက်နက်တပ်နေကြောင်း ပြောဆိုသည်။
“ဘင်္ဂလားနယ်ခြားစောင့်တပ် BGB ဟာ ဒုက္ခသည်စခန်းက ဘာသာရေးအစွန်းရောက် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့အစည်းတွေကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေပါတယ်။ ယင်းအကြမ်းဖက် လက်နက်ကိုင်တွေကို သူတို့ BGB စခန်းတွေရဲ့ ဘေးပတ်လည်နေရာတွေမှာ နေရာချထားပြီးတော့ အကြမ်းဖက် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓါးပြတိုက်မှု၊ မုဒိမ်းမှု၊ မူးယစ်မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှု၊ အစရှိတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုမျူးစုံကို ကျူးလွန်ဖို့အတွက် ကျောထောက်နောက်ခံပေးထားပြီး အကျိုးအမြတ်ရယူနေကြပါတယ်။ ဘင်္ဂလားနယ်ခြားစောင့်တပ် BGB ရဲ့ ဒီလုပ်ရပ်ဟာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ဒေသတွင်း လုံခြုံရေးကို ဆိုးဝါးစွာ ခြိမ်းခြောက်နေပါတယ်” ဟု ခိုင်သုက ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကဲ့သို့ပင် အကြမ်းဖက် မြန်မာစစ်တပ်ကလည်း AA အနေဖြင့် မူးယစ်ဆေးဝါးအမှုများတွင် ပါဝင်ပတ်သက်နေကြောင်း မကြာခဏဆိုသလို ထုတ်ပြန်ပြောဆိုသည်။
“ဘင်္ဂလားဒေ့ရှ်ဘက်ကမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ စစ်တွေမြို့တွေကတဆင့် စစ်ကော်မရှင်နဲ့ သူ့မဟာမိတ် ဘင်္ဂလီအကြမ်းဖက်အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ပင်လယ်ရေကြောင်းကနေ စကမ ရေတပ်သင်္ဘောတွေနဲ့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် စိန့်မာတင်ကျွန်းသို့ တင်ပို့နေကြတာဖြစ်ပါတယ်။ ဒီမူးယစ်ဆေးဝါးလမ်းကြောင်းက အကျိုးအမြတ်ရနေတဲ့ BGB နဲ့ ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့က အရာရှိတချို့ဟာ သူတို့ရဲ့ မူးယစ်လုပ်ငန်းနဲ့ အကျိုးစီးပွား ဆက်စပ်နေတာတွေကို ဖုံးကွယ်ဖို့အတွက် AA ထိန်းချုပ်ဧရိယာက လာသယောင်ယောင် စွပ်စွဲပြောဆိုမှုကို အကြမ်းဖက် စစ်ကောင်စီနဲ့ အချိန်ကိုက် လီဆယ်လုပ်ကြံ ထုတ်ပြန်နေကြတာဖြစ်ပါတယ်” ဟု ဦးခိုင်သခုက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် နယ်စပ်ဒေသမှာ မည်သည့်ကုန်သွယ်ရေးမှ လုပ်ကိုင်၍ မရသည့်အတွက် မူးယစ်ဆေးဝါးများအား AA ထံမှ လာယူနေကြသည်ဆိုသော စွပ်စွဲချက်မှာ လုံးဝယုတ္တိမရှိကြောင်း ဦးခိုင်သုခက ဆိုသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုချက်မှာ BGB က ၎င်း၏ အကျိုးစီးပွားအား ဖုံးကွယ်ရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် AA အကြား အပြန်အလှန် စွပ်စွဲမှုများဖြင့် ဆက်ဆံရေး တင်းမာနေချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာလည်း နတ်မြစ်နှင့် ရခိုင်ပင်လယ်ပြင်တွင် ငါးခိုးဖမ်းမှုများကြောင့် ဖမ်းဆီးရရှိမှုများ ရှိနေကြောင်း AA သတင်းရင်းမြစ်များထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
