31.1 C
Yangon

သံဖြူဇရပ်မြို့နယ် ထင်းရူး ဘူတာအနီး ကင်းပုန်းဝပ်နေသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ၊ တောင်သာတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူး ဘူတာအနီး ကင်းပုန်းဝပ်နေ‌သော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထင်းရူး ဘူတာအနီး ကင်းပုန်းဝပ်နေသော အကြမ်း ဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက် ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ထင်းရူးဘူတာ အနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ခွေးတွေကို ဒရုန်းနဲ့ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ထိခိုက်သေဆုံးမှု စာရင်းကိုတော့ ဆက်လက်ပြီး အတည်ပြုနေဆဲဖြစ်တယ်။ မဟာမိတ် တော်လှန်ရေး အဖွဲ့တွေ ပါဝင်ပါတယ် ဒီဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုမှာ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးတာတွေ ရှိပါတယ်” ဟု Mon State Revolutionary Force – MSRF မှ ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) ၊ ရာမညတပ်‌တော် (RMA) ၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် တပင်ရွှေထီးတပ် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်တပ်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြော်ငးထိုးနေပြီး ကျေးရွာ ၂ ခုထက်မနည်းကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ စစ်တပ်က တောင်သာမြို့နယ်အတွင်းသို့ စစ်ကြောင်းများခွဲကာ နယ်မြေရှင်းလင်းရေးဟု အမည်တပ်၍ စစ်ကြောင်းထိုးနေကြောင်း၊ ယင်းနောက် တောင်သာမြို့နယ်အတွင်းရှိ ရုံးစည်ကြီးရွာနှင့် သံဘိုရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ လက်ရှိတွင် စစ်တပ်စစ်ကြောင်းတချို့က ကျေးရွာများအတွင်းမှ ပြန်လည် ထွက်ခွာပြီး ပြည်သူများပစ္စည်းများကို လုယက် ယူဆောင်သွားကြကြောင်း သိရှိရသည်။

“ရုံးစည်ကြီးနဲ့ သံဘိုရွာကတော အိမ်ခြေတော်တော်များများ မီးထဲပါသွားတယ်။ ပစ္စည်းတွေပါ လုယက်ပြီးတော့ ကားတွေနဲ့ သယ်သွားတယ်။ စစ်တပ်စစ်ကြောင်းက တောင်သာမြို့ပေါ် ပြန်လိုက် ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီး ပစ္စည်းတွေ သယ်လိုက် အဲဒီလိုလုပ်နေတာ။ အဖမ်းခံရတဲ့ ပြည်သူတွေလည်းရှိတယ်။ အသတ်ခံရတာတွေလည်းရှိတယ်။ အားလုံးစစ်ပြေးနေရတော့ အခြေအနေကို အသေးစိတ် မသိရသေးဘူး” ဟု တောင်သာမြို့နယ်မှ စစ်ဘေးရှောင်ကူညီနေသော တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article