31.7 C
Yangon

ရွှေကူမြို့နယ်အတွင်းရှိ KIA စစ်သင်တန်းဖွင့်ရန် ပြင်ဆင်နေသည့်နေရာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု လူ ၁၅ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ KIA စစ်သင်တန်းဖွင့်ရန် ပြင်ဆင်နေသည့်နေရာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ လူ ၁၅ ဦးထက်မနည်းသေဆုံးသွားကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၀၀ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် ရွှေကူမြို့နယ်၊ KIA တပ်မဟာ ၁၁ နယ်မြေ။ တပ်ရင်း ၁၂ အတွင်း စစ်သင်တန်း ပေးရန် ပြင်ဆင်နေသည့်နေရာကို စစ်တပ်က တိုက် လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ယင်းသို့ ဗုံးကျဲချမှုကြောင့် စစ်သင်တန်းပေးရန် ပြင်ဆင်နေသည့်နေရာမှ တဲနှင့်အဆောက်အအုံတချို့ ပျက်စီးပြီး လူ ၁၅ ဦးထက်မနည်းသေဆုံးကြောင်း၊ ၁၀ ဦးထက်မနည်းမှာလည်း ဒဏ်ရာများရရှိထားကြောင်း သိရှိရသည်။

“သင်တန်းကျောင်းလုပ်ဖို့ ပြင်ထားတဲ့နေရာပါ။ အဲဒီနေရာကို ဗုံးကျဲတာ။ ပထမတစ်ကြိမ်ကျဲတယ်။ ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်နေတုန်း သိပ်မကြာဘူး နောက်တစ်ခါ ထပ်ကျဲတယ်။ သင်တန်းဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာပါ။ သင်တန်းကျောင်းလို့ ပြောလို့မရသေးဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က ကချင်ပြည်နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်လျက်ရှိနေပြီး ဖားကန့်မြို့တွင်လည်း ယမန်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်ရှိ ရတနာစိမ်း ကုမ္ပဏီဝင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article