26.2 C
Yangon

ဆော့လော်မြို့နယ်၊ လာဟီဆင် ဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို KIA ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး ရုပ်အလောင်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လာဟီဆင် ဒေသကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို KIA ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး ရုပ်အလောင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် လာဟီဆင် ဒေသကို စစ်ကြောင်းထိုးလာသော ပြည်သူ့စစ်များနှင့် အကြမ်းဖက် စစ်တပ် ပူးပေါင်းထားသော စစ်ကြောင်းကို KIA ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးသူများပြားကာ ပြည်သူ့စစ်နှင့် စစ်သားအလောင်းများကို KIA ပူးပေါင်း တပ်များက နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“လာဟီဆင် တိုက်ပွဲမှာ KIA ပူးပေါင်း တပ်တွေ နယ်မြေရှင်းလင်းရေး ပြုလုပ်တော့ စစ်ခွေး အလောင်းတွေ အများအပြား သိမ်းဆည်းရရှိပါတယ်။ နယ်မြေ အကုန်မရှင်းရသေးဘူး တစ်နေရာတည်းပဲရှိသေးတယ်။ ပြည်သူ့စစ်နဲ့ စစ်ခွေးတွေ သေတာတော်တော်များ​တယ်။ တခြားနေရာတွေမှာလည်း အစုလိုက်သေနေတာတွေရှိတယ်။ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတုန်းပဲ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လန်ဆယ်နှင့် လာဟီဆင်ဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လာသော စစ်တပ်က လူလှိုင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားရသော စခန်းကုန်းတစ်ခုကို ယာယီဆုတ်ခွာပေးလိုက်ရသော်လည်း စက်တင်ဘာလ ၂၃ ရက်နေ့တွင် အဆိုပါ စခန်းကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ထို တိုက်ပွဲတွင်လည်း စစ်တပ်က အထိနာသောကြောင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန် လန်ဆယ်ကျေးရွာသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့၍ ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်အစပ်ရှိ စစ်တပ် လက်အောက်ခံ လာဟီဆင်ပြည်သူ့စစ်စခန်းနှင့် ခရန်ထီဒမ်းပြည်သူ့စစ်စခန်းတို့ကို ကချင်လွတ် မြောက်ရေးတပ် (KIA)၊ PDF Putaoနှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းတပ် များက ယမန်နှစ် ၂၀၂၄ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article