ဒီကနေ့ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြင်ဦးလွင်မြို့က အကြမ်းဖက် စစ်တပ်ရဲ့ ကပစ ၂၄ မှာ မြောက်ကိုရီးယားနဲ့တွဲဘက် ထုတ်လုပ်မည့် မစ်ဇိုင်းဒုံးစီမံချက်အတွက် မြေဧက ၆၀ ကျော်ကို အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ လူယုံ မိုးမြင့်ဆွေဆိုသူ ကကထုတ် အရာရှိချုပ်ဖြစ်ဖြစ်ချင်းမှာတင် စတင် သိမ်းယူလိုက်ပြန်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံ၊ ဖလူး နဲ့ မယ်ထော်သလေး ဘက်တွေမှာ အကြမ်းဖက် စစ်တပ်က သူတို့ စစ်ကြောင်း တွေ တိုးမပေါက်တဲ့အတွက် အသေခံဒရုန်းတွေနဲ့ နေ့စဉ် ဗုံးကျဲနေသလို ၊ ကျုုံဒိုးဘက်က တိုက်ပွဲတွေမှာလည်း စစ်တပ်က အသေများနေပြီး ဘားအံတောင်ကလေး ဆေးရုံမှာဆို ဒဏ်ရာရ စစ်သားတွေ ပြည့်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ လူဝင်မှု ကြီးကြပ်ရေးရုံးကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
