30.2 C
Yangon

ဝက်လက်မြို့နယ်၊ တမာကန်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး မသန်စွမ်း ဦးဇော်ဘုန်းခိုင်နှင့် အသက် ၈၀ နှစ် အရွယ် အဘွားဒေါ်မေပုတို့ကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တမာကန်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး မွေးရာပါ မသန်စွမ်း ဦးဇော်ဘုန်းခိုင်နှင့် အသက် ၈၀ နှစ် အရွယ် ဒေါ်မေပုကို ပစ်သတ်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ တမာကန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လက်နက်ငယ်များဖြင့် ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်ပြီး တမာကန်ရွာတွင် နေထိုင်သော အသက် ၈၀ နှစ် အရွယ် အဖွားအို ဒေါ်မေပု ၊ နှင့် အသက် ၂၇ နှစ် အရွယ် မွေးရာပါ မသန်စွမ်း အမျိုးသား ဦးဇော်ဘုန်းခိုင် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ အသက် ၅၀ ကျော်အရွယ် ဦးမြင့်ရွှေ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက ဝက်လက်မြို့နယ် တပ်သာအောက်ရွာကနေ တမာကန်ရွာကို ဝင်ရောက်စီးနင်းတဲ့ အချိန်မှာ ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ လိုက်ပစ်လို့ ပြည်သူ ၃ ဦး ထိမှန်တယ်။ ၂ ဦးသေဆုံးတယ်လို့ ကျနော်တို့ ကနဦးသိထားရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်းရှိတယ်။ အခုချိန်ထိ စစ်ခွေးစစ်ကြောင်းက ရှိနေသေးတော့ အတည်မပြုနိုင်သေးတာ စစ်ခွေးတွေ ကျည်ထိမှန်ပြီး သေဆုံးသွားတဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသားက ပြေးလွှားနိုင်ခြင်းမရှိဘဲ ပခတ်ထဲမှာနေရတာ စစ်ခွေးပစ်တဲ့ ကျည်မှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် တမာကန်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ် အစပ်ကို မေလ ၂၈ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးနေသော စစ်တပ်ကလည်း ကင်းရွာမှ ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၂ ဦး၊ ချောင်းမကြီးရွာမှ ပြည်သူ ၁ ဦး ၊ မယ်ဇလီချောင်းရွာမှ ပြည်သူ ၁ ဦး၊ ရှိမ်းမကားရွာနှင့် ငါးရယ်ရွာမှ ပြည်သူ ၃ ဦး၊ ရွာတန်းရှည်ရွာမှ ပြည်သူ ၃ ဦး၊ သဲကျွန်းရွာမှ ပြည်သူ ၄ ဦး၊ အောက်တိုက်ရွာမှ ပြည်သူ ၁ ဦး၊ တလိုင်းရွာမှ ပြည်သူ ၄ ဦးနှင့် စစ်ဘေးရှောင် ပြည်သူ ၅ ဦး၊ ခက်ခရွာမှ ပြည်သူ ၁ ဦးနှင့် ဘုန်းကြီး ၁ ပါး တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article