31 C
Yangon

မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို သီတာယုမွန် ပျူစောထီးအဖွဲ့က ဝင်ရောက် မီးရှို့ နေပြီး တိုက်ပွဲပြင်းထန်နေ၊ ပြည်သူထောင်ချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို သီတာယုမွန်ခေါင်းဆောင်သော ပျူစောထီး အဖွဲ့က ဝင်ရောက်မီးရှို့နေမှုကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို မြင်းခြံမြို့နယ်ပျူစောထီး ခေါင်းဆောင် သီတာယုမွန် ဦးဆောင်သော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက်မီးရှို့နေမှု ကြောင့် ယနေ့အချိန်အထိ နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပါရာမိုတာ (စက်တပ်လေထီး) တို့ဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“ညောင်ပင်ရွာကို မီးရှို့နေတယ်။ သီတာယုမွန်အဖွဲ့က ပျူအင်အားက ၄၀၀ နီးပါးလောက်နဲ့ ရှို့နေတာ။ တိုက်ပွဲတွေလည်း တောက်လျှောက်ဖြစ်နေတယ်။ မြေပြင်မှာက စစ်ရေးအခြေအနေတွေက ရှုပ်ထွေးနေတုန်းပဲ၊ ညောင်ပင်ရွာမှာ ဘယ်လောက် မီးလောင်ထားလဲ၊ ဆုံးရှုံးထားလဲဆိုတာ မသိရသေးပါဘူး။ လက်ရှိ စစ် ကြောင်းက ညောင်ပင်ရွာထဲမှာပဲ ရှိသေးတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများ မီးရှို့နေသည့် ညောင်ပင်ရွာသည် မြင်းခြံမြို့အနီး တွင် တည်ရှိပြီး ယနေ့အထိ ၄ ကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းကြောင့် ညောင်ပင် ရွာ၊ သဲရွာ၊ ခင်မတဲရွာ၊ မြောက်ကွန်းရွာ၊ ရွာကြီးရွာ၊ ရွာသစ်ရွာ စသည့် ကျေးရွာ ၇ ကျော် မှ ပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ပြည်သူတွေကတော့ ရှောင်နေကြရတယ်။ စစ်ကြောင်းထိုးလာတယ်ဆိုတာ သိတာနဲ့ တပြိုင်နက် စစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းပေါ်နဲ့ အနီးတဝိုက်ရွာတွေကတော့ ရှောင်နေကြရတာ၊ ပြီးတော့ လေကြောင်းကနေလည်း နေ့တိုင်းပဲ ပါရာမိုတာတို့ဘာတို့နဲ့ချနေတာ။ မိဘပြည်သူတွေအနေနဲ့ ကိုယ့် အသက်ထက်တန်ဖိုးရှိတာ ဘာမှ မရှိလို့ ဘေးလွတ်ရာကို ရှောင်ရှားနေထိုင်ပေးကြစေချင်ပါတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အဖွဲ့အစည်းများ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ် စစ်ကြောင်း များကို ခုခံတိုက်လျက်ရှိပြီး တိုက်ပွဲအသေးစိတ်အခြေအနေကို သိရှိရခြင်းမရှိသေးကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article