28.9 C
Yangon

ရန်ကုန်မြို့လယ်ခေါင် Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် အမျိုး သမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် အသတ်ခံထားရပြီး လူသတ်တရားခံ ဖမ်းမမိသေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

ရန်ကုန်မြို့လယ်ခေါင် Beauty Land Hotel တွင် အမျိုးသမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် အသတ်ခံထားရပြီး တရားခံ ဖမ်းမမိသေးကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီ ၄၅ နာရီအချိန် ပန်းဘဲတန်းမြို့ နယ်၊အမှတ် ၁၁ ရပ်ကွက် ၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel ၊ အခန်းအမှတ် ၅၀၂ တွင် အမျိုးသမီး ၁ ဦးကိုအပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်သွား ကြောင်း၊ အမျိုးသမီး၏ အပိုင်းပိုင်း ဖြစ်နေသော အလောင်းကို အခန်းအပြင်ဘက် လေအေးပေးစက်တင်ထားသော စင်ပေါ်တွင် အမှိုက်အိတ်အပြာဖြင့် ထုတ်ပိုး တင်သွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ တရားခံ ဖမ်းမမိသေးကြောင်း သိရှိရသည်။

“တရားခံ မမိသေးပါဘူး။ ကျန်တာတွေတော့ ဖြေလို့မရပါဘူး” ဟု ပန်းဘဲတန်းမြို့နယ်ရဲစခန်းက ဖြေကြားသည်။

လတ်တလော အသတ်ခံရသော အမျိုးသမီး၏ ကိုယ်ရေးရာဇဝင်ကိုလည်း စုံစမ်း နေဆဲဖြစ်ပြီး ယင်းအမှုအတွက် CID အပါအဝင် အဖွဲ့ပေါင်းစုံ ပူးပေါင်း စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက Beauty Land Hotel ထံသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဖုန်းနံပါတ်များမှာ စက်ပိတ်ထားကြောင်းသာ ပြန်လည် ဖြေဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article