28.9 C
Yangon

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့စဉ် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုပါ စစ်သားများက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

ရှမ်းပြည်နယ် ကျောက်မဲမြို့မှ ၁၀ ကီလိုမီတာ ခန့်ကွာ ၀ေးသော လယ်တဲတွင် တိမ်းရှောင်နေသော ပြည်သူ ၄ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ယင်းသို့ သတ်ဖြတ်မှုတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုလည်း အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကျောက်မဲမြို့သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သော စစ်တပ်က စက်တင်ဘာလ ၂၄ ရက်နေ့ ကျောက်မဲမြို့မှ ၁၀ ကီလိုမီတာ ခန့်ကွာ ၀ေးသော လယ်တဲတွင် တိမ်းရှောင်နေသော အရပ်သား ၄ ဦးကိုသတ်ဖြတ်ခဲ့ကာ အသက် ၁၆ နှစ်အရွယ်မိန်း ကလေး ကိုလည်းအဓမ္မပြုကျင့်ခဲ့ကြောင်း၊ စစ်တပ်၏ စစ်ဆင်ရေးကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်၍ ကျောက်မဲမြို့နယ်မှ ရွာသား ၁၀,၀၀၀ ကျော်နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ကျောက်မဲမြို့နယ် နား အိုက်ခန့် ရွာမှ စခန်းသာရွာဘက်သို့ ကင်းလှည့်လာ သော အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းပေါ်တွင် ရွာသားတစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုစစ် သားများက ရွာသားကို စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခဲ့ ကြောင်း၊ ထိုရွာသား ထွက်ပြေးရန်ကြိုးပမ်းသောအခါ စစ် သား ၂ ဦးက အနီးရှိ တဲတစ်လုံးသို့ လိုက်လံဖမ်းဆီး ရာ မှ အသက် ၃၀ အရွယ်ခန့်ရှိ သံဃာ (ဦးဇင်း) တစ်ပါးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဦးဇင်းက စစ်သားများကို မြင်၍ ကြောက်လန့်ကာ လယ်ကွင်းထဲသို့ ပုန်းအောင်းရန် ထွက် ပြေး ရန်ကြိုး ပမ်းခဲ့ကြောင်း၊ စစ်သားများက ဦးဇင်း၏ ညာ ဘက်မျက်လုံးကိုထိမှန်အောင် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ် မှုကို ရွာခေါင်းဆောင်တစ်ဦး မျက်မြင် တွေ့ ရှိ ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စစ်သားများက ရွာခေါင်းဆောင်ကို ထိုဧရိယာအတွင်းရှိ လူများ၏ တည်နေရာနှင့် အရေအတွက်ကို မေးမြန်းခဲ့ကြောင်း၊ ရွာခေါင်းဆောင်က အနီးအနားရှိ လယ်တဲများတွင် လူခုနစ်ဦးခန့် ရှိကြောင်း ပြန်လည်ဖြေကြား သောအခါ စစ်သားများက ထိုသူများကို ခေါ်လာရန် အမိန့်ပေးခဲ့ကြောင်း၊ သူတို့သည် ရွာခေါင်းဆောင်နောက်ကို မော်တော်ဆိုင်ကယ်များဖြင့် လိုက်ခဲ့ကြပြီး ၎င်းတို့ သတ်ပစ်လိုက်သော ဦးဇင်းထံမှ ယူလာခဲ့သည့် ဆိုင်ကယ်တစ် စီးလည်း ပါဝင်ကြောင်း၊ တဲတစ်ခုသို့ ရောက်ရှိသောအခါ ရွာခေါင်းဆောင်အပါအဝင် ရွာသားသုံးဦး ထွက်ပြေးလွတ် မြောက် သွားသော်လည်း မိခင်တစ်ဦး၊ အသက် ၁၆ နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် သားတစ်ဦးတို့ အထဲတွင် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

တဲအတွင်းဖြစ်ခဲ့သည့်ဖြစ်စဥ်များအတွက် တိုက်ရိုက်မျက်မြင်သက်သေ မရှိသော်လည်း အခင်းဖြစ်စဥ်နှင့် သက်သေ ခံပစ္စည်းများက စစ်ကောင်စီတပ်သားများက သတ်ဖြတ်မှုနှင့် လိင်အကြမ်းဖက်မှုအတွက် တာ၀န်ရှိသည် ကို တိကျ စွာ ညွန်ပြနေကြောင်း၊ အသက် ၁၆ နှစ်အရွယ်မိန်းကလေးဖြစ်သူမှာ တဲထဲတွင် ကိုယ်လုံးတီး အနေအထားဖြင့် နဖူးနှင့် ခန္ဓာ ကိုယ်တွင် ဒဏ်ရာများနှင့်သွေးများရွဲကာ သေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်း၊ သူမ၏ အ၀တ်များကို မီးဖိုချောင် အနီး တွင်တွေ့ခဲ့ရပြီး စစ်တပ်ယူနီဖောင်း၊အသုံးအဆောင်များနှင့် လက်နက်အချို့မှာ သူမ၏ခန္ဓာကိုယ်အနီးတွင် ကျန် ရစ်ခဲ့ကြောင်း သိရှိရသည်။

မိခင်ဖြစ်သူမှာလည်း အသတ်မခံရခင် စစ်သားများအား သမီးဖြစ်သူကို အန္တရာယ်မပြုရန် တောင်းပန်ခဲ့သည်ဟု ယုံကြည်ရသော်လည်း စစ်တပ်က ရင်ဘတ်ကို ကျည်ဆန်ဖြင့်သေဆုံးသည်အထိ ပစ်သတ်ခဲ့ကြကြောင်း၊ အသက် ၁၂ နှစ်အရွယ်ကောင်လေးမှာလည်း ၄င်း၏ ဗိုက်နှင့် ခေါင်းတွင်သေနတ်ဒဏ်ရာများဖြင့် ပစ်ခတ်ခံရကာသေဆုံးခဲ့ကြောင်း သိရှိရသည်။

၄င်းတို့၏ရုပ်အလောင်းကို နောက်နေ့မနက်တွင်တွေ့မြင်ခဲ့သော ဖခင်ဖြစ်သူက “ကျွန်တော်တဲကိုပြန်ရောက်တော့ ကျနော့်မိန်းမကို ရင်ဘတ်မှာကျည်ရာနဲ့မြေပေါ်လဲနေတာတွေ့တယ်၊သားကလည်း သူ့ဘေးမှာလဲနေပြီး သွေးတွေရွဲနေတာ၊သမီးရဲ့အ၀တ်အစားတွေကိုလည်း မြေပေါ်မှာတွေ့တယ်၊သူ့အလောင်းကိုကျ အ၀တ်အစားတွေမပါဘဲတဲထဲမှာတွေ့တယ်၊သူမကအဓမ္မကျင့်ပြီးအသတ်ခံရတာ ဘေးမှာလည်း မြန်မာစစ်တပ်ရဲ့ ၀တ် စုံ နဲ့ (သေနတ်ပြောင်းခေါင်း)တွေလည်းတွေ့တယ်”ဟု ပြောဆိုသည်။

ထိုအချိန်အတောအတွင်း စစ်ကောင်စီ၏ လေယာဉ်များ အပေါ်မှ ပျံဝဲနေခဲ့သောကြောင့် အနီးအနားရှိ ရွာသားများ သည် ပုန်းအောင်းနေခဲ့ကြရကြောင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်တွင်မှ ရွာသားများနှင့် ဆွေမျိုးသားချင်းများက ထိုနေရာသို့ ပြန်လာကြပြီး ဘုန်းကြီးမှ စတင်ကာ သေဆုံးသူများကို မီးသင်္ဂြိုဟ်ခဲ့ကြကြောင်း သိရှိရသည်။

သေဆုံးသွားသူများမှာ အသက် ၃၀ ခန့်ရှိသော ဘုန်းကြီး ၊ လုံးအော၏ ဇနီး ပါလျန်း၊ အသက် ၁၆ နှစ်အရွယ် သမီး၊ သား အသက် ၁၂ နှစ်အရွယ် စိုင်းသန်းမောင် တို့ဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီရှိနေသရွေ့တော့ ဒီလို ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နေမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီစစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကျွန်မတို့ နိုင်တဲ့ ဘက်က အကုန်အတူတူဝိုင်းပြီး ကြိုးစားကြဖို့လိုတယ်လို့ပဲ ကျွန်မပြောချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူများ သေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article