26.7 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်တပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲအတုကြီးမှာ လွှတ်တော်အမတ်လောင်းတွေရဲ့ လုံခြုံရေး နဲ့ မဲရုံတွေကို ကင်းစောင့်ဖို့အတွက် သူတို့စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ ၊ ပြည်သူ့ စစ်တွေနဲ့ လုံခြုံရေးအဖွဲ့တွေကို ရွေးကောက်ပွဲဆိုင်ရာ ရဲတွေအဖြစ် အသုံးပြုမှာဖြစ်တယ်လို့ စစ်တပ် ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မွန်ပြည်နယ်၊ မုဒုံမြို့နယ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ ကမာဝက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထဲကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
  • အကြမ်းဖက် စစ်တပ်က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့မှာပဲ နမ္မတူ နဲ့ သီပေါမြို့တွေက အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေကို လေယာဉ်နဲ့ ဆက်တိုက်ဗုံးကျဲသွား မှုကြောင့် နေအိမ်အများအပြားပျက်ဆီးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article