ဒီကနေ့ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကြံ့ဖွတ်ပါတီက အမျိုး၊ ဘာသာ၊ သာသနာအတွက် အမြဲရပ်တည်မယ်လို့ပြောပြီး နိုင်ငံရေးလောကကို NLD ပါတီ ပြန်လာခွင့်မရှိနိုင်တော့ဘူးဆိုပြီးတော့ပါ ကြံ့ဖွတ် ခင်ရီ က ကတိပေးနေပြန်တယ်လို့ ကြံ့ဖွတ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်ဟာ ရှေ့တန်းတွေမှာ လူငယ်တွေအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အို တွေကိုပါ အသုံးပြုနေပြီး ပြည်သူပိုင်ပစ္စည်းတွေကိုလည်း စစ်နိုင်ရင် ဆုအဖြစ် စိတ်ကြိုက်ယူခွင့်ရှိတယ် ဆိုပြီးတော့ပါ လုယက်ခိုင်းနေတယ်လို့ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်း ဆိုသူက ဝန်ခံထွက်ဆိုထားပါတယ်။
- မန္တလေးတိုင်းက ငါန်းဇွန်မြို့နယ်မှာ ပြည်သူတွေတိမ်းရှောင်နေတဲ့ ငါန်းမြားကြီး ကျေးရွာက ပြည်သူပိုင် ပစ္စည်းတွေကို အကြမ်းဖက် စစ်တပ်က စိတ်ကြိုက်ယူဆောင်ပြီး ရောင်းစားနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
