33.1 C
Yangon

စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီးနောက် မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ်တို့တွင် စစ်တပ်က ညမထွက်ရ အမိန့် ပြန်လည် ထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ဖြင့် ညမထွက်ရ အမိန့်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်လည် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ညမထွက်ရ အမိန့်များကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ် တို့တွင် ယခုအခါ ညမထွက်ရ အမိန့်ကို ပြန်လည် ထုတ်ပြန်လာခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့ နှင့် ဖားကန့်မြို့တို့၏ ညမထွက်ရ အမိန့်မှာ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်အထိဖြစ်ပြီး လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ မြို့နယ်အတွင်း လမ်းမကြီးများ၊ အများ ပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မ ဟုတ် အများပြည်သူနှင့် သက်ဆိုင် သော နေရာများတွင် စုဝေးခြင်းမပြုလုပ်ရန်၊ မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းများကို စစ်တပ်က တားမြစ်ထားသည်။

မြစ်ကြီးနားနှင့် ဖားကန့် မြို့နယ်နယ်နိမိတ်အတွင်း အများပြည်သူတို့၏ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူခြင်း၊ ထိုကဲ့သို့ ပြုမူဆောင် ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆရကြောင်း အကြောင်းပြချက်ပေးထားသည်။

“မြစ်ကြီးနားမြို့ပေါ်မှာတော့ ရာဇဝတ်မှုတွေ ပေါလာတယ်။ ခိုးမှုတွေ၊ လုယက် မှုနဲ့ ဓားပြတိုက်မှု ပေါလာတယ်။ နောက်ပြီး အဆိုးဆုံးက မူးယစ်ဆေးဝါးတွေ တအားပေါလာတာ။ လူငယ်မှန်သမျှ မူးယစ်ဆေးဝါး သုံးကြတာ။ မူးယစ်ဆေးဝါးကလည်း ကွမ်းယာဆိုင်မှာတောင် အလွယ်တကူဝယ်လို့ရနေတယ်” ဟု မြစ်ကြီးနားမြို့ မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article