29.2 C
Yangon

ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲကို လေ ကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည့် တရားခံနှင့် ဆက်စပ်သူများကို လက် တုံ့ပြန် အရေးယူမည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာတွင် သီးတင်းကျွတ်လပြည့်ည ဆီမီးပူဇော်နေသည့် ပြည်သူများကို ဗုံးကျဲ သတ်ဖြတ်မှု ကျူးလွန်သည့် တရားခံနှင့် ဆက်စပ်သူများကို စုံစမ်းနေပြီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာအနီး၌ ပြည်သူများ စုပေါင်းပြီး သီးတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲတော် ပြုလုပ်နေချိန်တွင် မုံရွာမြို့နယ် နမခ မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ၁၂၀ မမ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး လူအုပ်စုကြားထဲသို့ ကျရောက်ပေါက်ကွဲကာ ထိခိုက်‌သေဆုံးသူ များပြားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ကယ်ဆယ်ရေး လုပ်နေသည့်အချိန်တွင်လည်း အကြမ်းဖက် စစ်တပ်၏ နမခမှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ဒုတိယ အကြိမ် ဗုံးသီး ၂ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး ထိခိုက်သေဆုံးသူများထဲတွင် အသက် ၁၀ နှစ်အောက် ကလေးငယ်များ အများဆုံးပါဝင်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများကို စုကောက်ခဲ့ရသည့် အခြေအနေဖြစ်ကြောင်း သိရှိရသည်။

” အကြမ်းဖက် စစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်တဲ့ လုပ်ရပ်အဖြစ်တောင် ပြောလို့ရတဲ့ အထိဖြစ်ခဲ့တယ်။ သေဆုံးမှု အရေ အတွက်က တယ်တမ်း ပြောရရင် ၅၀ ကျော်လောက်တောင်ရှိသွားပြီ သေဆုံးသူတွေထဲမှာ ကလေးငယ် အများစုပါတယ်။ ပြောရရင် ကျနော်တို့ အနာဂတ်တွေပေါ့။ တချို့ဆိုရင် ကိုယ်လက် အင်္ဂါတောင် အစုံမျိုးမပါတာတွေရှိတယ်။ ကျနော်တို့ အနေနဲ့ ဆက်လက် လုပ်သင့် လုပ်ထိုက်တာကိုပဲ ဦးစားပေး လုပ်ဆောင်သွားမယ်။ အခုက တော်လှန်ရေးရဲ့ အချိန်ကာလ တစ်ခုတော်တော်ကြာကြာကို ရောက်နေပြီး ဒီဒလန် သတင်းပေးဆိုတဲ့ ဟာတွေကလည်း ဒါကတော့ စစ်ကောင်စီ အနေနဲ့ ကျနော်တို့ အချင်းချင်းကို သွေးကွဲအောင် တိုက်တဲ့ စကားလုံးတစ်ခုဖြစ်နိုင်သလို တကယ်လည်း ဖြစ်နိုင်တယ်။ ကျနော်တို့ကဖြစ်နိုင်တဲ့ အခြေအနေမျိုးစုံကို တွက်ချက်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့သို့ ရည်ရွယ်ချက်ရှိရှိ စက်တပ်‌လေထီးဖြင့် ရက်ရက်စက်စက် လူမဆန်စွာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သော တရား ခံ Pilot (ပါရာမိုတာ စက်တပ်လေထီး မောင်းသူ) တရားခံနှင့် ဆက်စပ်သတင်းများ၊ အလိုတူ အလိုပါ ပူးပေါင်းပါဝင်သူ တရား ခံများကို အပြစ်ပေး စီရင်ရန်အတွက် သက်ဆိုင်သည့် သတင်းအချက်အလက်များကို သတင်းပေးပို့ပေးကြရန် ပြည်သူများနှင့် မည်သည့်တော်လှန်ရေး အဖွဲ့အစည်းကိုမဆို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာ-ပလဖ)မှ ဖိတ်ခေါ်ထားသည်။

” ဒီဖြစ်စဉ်ကို စစ်ခွေးတွေက ပြည်သူတွေမဟုတ်ဘူး။ အကြမ်းဖက် ဖက်တွေလို့ ပြောနေတာရှိတယ်။ လပြည့်နေ့မှ ဆီမီးထွန်းတယ် အဲနေရာမှာ ကလေးငယ်အများစုပါတယ်။ သူတို့ပြောတဲ့ ခေါင်းစဉ်အောက်မှာ ပြောရမယ်ဆိုရင် လူဆိုရင် လူသားဆန်တဲ့ စိတ်တော့ရှိရမှာပေါ့။ ကျနော်တို့ ဒီရှင်းလင်းရေး ဗီဒီယိုဖိုင်ကိုတောင် ၂ ခါပြန်ပြီး မကြည့်ချင်လောက်အောင်ကို ဖြစ်တယ်။ ကျနော်တို့က စစ်ခွေးတွေနဲ့ ထုတ်ပြန်ကြေညာချက်တစ်ခုအပေါ်မှာ ဘာမှ လိုက်ပြီးခံစားနေမှာ မဟုတ်ဘူး။ ဂရုစိုက်နေမှာ မဟုတ်ဘူး။ အရာရာတိုင်း ကိစ္စတိုင်းကို စဉ်းစား ဆင်ခြေဆုံးဖြတ်နိုင်တဲ့ ဉာဏ်နဲ့ပဲ ဆက်သွားမယ်။ စစ်ခွေးတွေက သတင်းပေးရှိလို့ ဒီနေရာကို လုပ်တယ်ဆိုတဲ့ ပုံစံမျိုးလုပ်တာ အဲတာက ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်။ ဒီကိစ္စကလေ ဆုံးရှုံးမှုက တောင်းပန်ရုံနဲ့ ပြီးသွားမယ့် ကိစ္စမျိုးမဟုတ်ဘူး။ အဲအတွက် ကျန်ရစ်တဲ့ သူတွေမှာလည်း ပူဆွေးသောကတွေရှိတယ်။ ဒေါသအလျောက်တွေရှိတယ်။ တခါတလေမှာ ကျနော်တို့က အဓိက ရန်သူကို မေ့သွားတာမျိုးတွေ ဖြစ်တတ်တယ်။ ကျနော်တို့က သူတို့ရဲ့ လော်ဘီတွေ အောက်မှာ မျောပါမသွားဖို့ဘဲရှိတာပါ။ သူတို့ ဒလန်လို့ ပြောတိုင်း ကျနော်တို့က ဒလန်ကို လိုက်မဲပြီး တွေ့သမျှ မသင်္ကာတဲ့ အပြစ်မဲ့ ပြည်သူတွေ ကျနော်တို့ ရဲဘော် အချင်းချင်းရဲ့ ယုန်ထင်ကြောင်ထင် ကိစ္စတွေ လုပ်သွားမှာမဟုတ်ဘူး။ ကျနော်တို့ရဲ့ ဦးနှောက် ကျနော်တို့ရဲ့ ဆင်ခြေဉာဏ် ဖြစ်ပေါ်လာတဲ့ ကိစ္စပေါ်မှာပဲ မူတည်ပြီးတော့ အဲကိစ္စကို ဆက်လက် ကိုင်တွယ်သွားပါ့မယ်” ဟုမုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ရသော PDF ရဲဘော်တချို့၏ ဈာပနာ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ရသော PDF ရဲဘော်တချို့၏ ဈာပနာ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article