ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်က ၀ိုင်းမော် နဲ့ ဗန်းမော် မြို့ တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်တပ်ရဲ့ကာကင်းစခန်းတွေနဲ့ တပ်စွဲထားရာ နေရာတွေကို KIA ပူပေါင်းတပ်တွေက ဆက်တိုက်ပြန်လည် သိမ်းပိုက်လာပြီး စစ်တပ်ဘက်က ဗိုလ်မှုး ၁ ဦးအပါအဝင် သေတဲ့သူတွေတော်တော်ကို များနေပြန်တယ်လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြောထားပါတယ်။
- စစ်ကိုင်းတိုင်းက မော်လိုက်မြိုနယ်မှာ “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း အကြမ်းဖက် စစ်တပ်စခန်း ၆ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့တဲ့အပြင် ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံပန်းအများအပြားကိုပါ အရှင်ဖမ်းဆီးရမိထားတယ်လို့မော်လိုက်တော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးအပါအဝင် မြန်မာ့ရေး ဆွေးနွေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ၁ ရက်တာ လာရောက်ပြီး မင်းအောင်လှိုင် အပါအဝင် အကြမ်းဖက်စစ်တပ် ထိပ်ပိုင်းနဲ့ တွေ့ဆုံမယ်လို့ မလေးရှား အစိုးရက သတင်းထုတ်ပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
