ပဲခူးတိုင်း ပြည်မြို့နယ် ခွေးရဲကျေးရွာမှ အကြမ်းဖက် စစ်တပ်လက်ပါးစေ ပျူစောထီးခေါင်းဆောင်လှမြင့်မှာ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၇ ရက်နေ့ ပျူစောထီးခေါင်းဆောင်လှမြင့် အုတ်ဆွဲအုပ်စု ဝန်တင်ဆိပ်ကျေးရွာတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ပြည်မြို့နယ် အုတ်ဆွဲအုပ်စု ဝန်တင်ဆိပ်ကျေးရွာမှာ ရောက်နေတုန်း သေနတ်ထောက်ဖမ်းသွားတာပါ။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကနေ ဝင်ဖမ်းသွားပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ခွေးရဲကျေးရွာမှ အကြမ်းဖက်စစ်တပ်လက်ပါးစေ ပျူစောထီးခေါင်းဆောင်လှမြင့်၏ အကြမ်းဖက်လုပ်ရပ်များကို သတင်းမီဒီယာများတွင် ဩဂုတ်လအတွင်း ဖော်ပြခဲ့သည်နှင့် ပတ်သက်၍ ၎င်း၏ သားဖြစ်သူက ၎င်း၏အဖေ တစ်ခုခု ဖြစ်ခဲ့ပါက ခွေးရဲ ကျေးရွာအုပ်စုရှိ ရွာပေါင်း ၇ ရွာကို စစ်တပ်ခေါ်ယူကာ လေကြောင်းမှ ဗုံးကျဲချမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။
လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခံရသူ ပျူစောထီးခေါင်းဆောင်လှမြင့်သည် ပေါင်းတလည်နယ်မြေတစ်ဝိုက်တွင် လူငယ်များကို ပေါ်တာဆွဲခြင်း၊ စစ်မှုထမ်းလူစာရင်းပြုစုခြင်း၊ စစ်မှုထမ်းကြေး အတင်းအဓမ္မကောက်ခံခြင်း၊ ဆိုင်ကယ်များ သိမ်းဆည်းခြင်း ၊ ကင်းလှည့်ခြင်းများ လုပ်ဆောင်နေသူဖြစ် ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
