28.1 C
Yangon

တနင်္သာရီနှင့် ထားဝယ်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄၀၀ ဝန်းကျင် ထွက်ပြေးရ ၊ ဘီးလင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် သေဆုံးသူ ၅ ဦးအထိ တိုးလာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ တကူရွာနှင့် ထားဝယ်မြို့နယ် ထီးခီးရွာကို အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ တကူရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု ကျေးရွာနေပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်မှုများပါတယ်။ ဗုံးက ရွာထဲကို ကျတာလို့ သိရတယ်။ အခုလက်ရှိ အတည်ပြုနိုင်တာကတော့ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားတယ်။ ဒဏ်ရာပြင်းထန်သူတွေလည်း ပါဝင်ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ် ထားဝယ်မြို့နယ်၊ ထီးခီးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စက်လက်ဖြင့် ၂ ကြိမ် ပစ်ခက်တိုက်ခိုက်သောကြောင့် ပြည်သူပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ လေကြောင်းတိုက်ခိုက်သဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြည်သူ ၄၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းအာဏာပိုင်များက စစ်ဘေးရှောင် ပြည်သူများကို အကူအညီပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ် အနောက်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦး ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန့်နေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီ ၁၃ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်အနောက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရသည်။

“စစ်ခွေးတွေ ဗုံးကျဲသွားတာ ပြည်သူ ၅ ဦးသေဆုံးတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရတာကလည်း ၇ ဦးလောက်ရှိပါတယ်။ ပြင်းထန်ဒဏ်ရာရတဲ့ သူတွေလည်း ပါဝင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article