နေပြည်တော်မှာ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေဟာ အဖမ်းခံရတာမရှိဘူးလို့ သိရပါတယ်။
မနေ့က ဘူးလက်လှဆွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးတဲ့နောက် စစ်တပ်က ဖမ်း ဆီးတယ်ဆိုတာမဟုတ်မှန်ဘဲ ခေါ်ယူ သတိပေးတာမျိုးတော့ ရှိကောင်းရှိနိုင်တယ်လို့ ကြံ့ခိုင်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အကယ်၍ ဘူးလက်လှဆွေကို စစ်တပ်က ဖမ်းဆီးခဲ့မယ်ဆိုရင် သူဝင်ပြိုင်ဖို့ စာရင်းတင်သွင်းထားတဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ ကြံ့ဖွတ်ပါတီရဲ့ ပုဗ္ဗသီရိမြို့ နယ်ပြည်သူ ကိုယ်စားလှယ်လောင်း နေရာ လစ်လပ်သွားမှာဖြစ်ပြီး အဲဒီလိုဖြစ်သွားရင် ကြံ့ဖွတ်ပါတီအတွက်ရော စစ်တပ်အတွက်ပါ နစ်နာသွားနိုင်တယ်လို့ ဆိုပါတယ်။
လတ်တလော ဘူးလက်လှဆွေဟာ နေပြည်တော်မှာပဲရှိနေပါတယ်။
ဘူးလက်လှဆွေ အဖမ်းခံရတာလားလို့ ဗိုက်ဗာဂရုမှာ မေးမြန်းမှုအပေါ်တော့ စစ်တပ်က ဖမ်းထားတာမရှိဘူးလို့ အကြမ်းဖက် ဇော်မင်းထွန်း ဦးစီးတဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ သတင်းသမားတွေ၊ စစ်လော်ဘီ အမည်ခံသတင်းသမားတွေ ချိတ်ဆက်ထားတဲ့ ဗိုက်ဗာဂရုမှာ ပြန်ဖြေထားပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာ ဘူးလက်လှဆွေက နေပြည်တော်မှာ မဲစာရင်းတွေ မှားနေတဲ့အကြောင်း၊ လူဦးရေ ၅၀၀ ရှိရင် ၃၀၀ လောက်မှားနေကြောင်း၊ သေတဲ့သူတွေ စာရင်းပါနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မိသားစုတောင် မဲစာရင်း မပါကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကာလ မဲစာရင်းအဟောင်းကို သုံးတယ်လို့ ယူဆကြောင်း၊ မဲစာရင်းများ အလွန်ကွာဟနေပြီး မဲစာရင်းများ ပြန်လည် ပြုပြင်ရန်ပင် အချိန် ၁ ပတ်သာ ကျန်တော့ကြောင်း၊ မဲစာရင်းမှားယွင်းမှု အဆင်မပြေကြောင်း ဘူးလက်လှဆွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
