26.1 C
Yangon

ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်အနောက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုအတွင်း သေဆုံးသူ ၅ ဦးမှာ အသက် ၆ နှစ်မှ ၁၂ အရွယ် ကလေးငယ်များဖြစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်အနောက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးခဲံသူ ၅ ဦးမှာ အသက် ၆ နှစ်မှ ၁၂ အရွယ်အတွင်း ကလေးငယ် ၅ ဦး ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပျဉ်းမပင်ဆိပ် အနောက်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၆ နှစ်အရွယ် စောထွန်းထွန်းမင်း ၊ အသက် ၇ နှစ်အရွယ် စောလင်းထက်သာ၊ အသက် ၉ နှစ်အရွယ် နော်မဂ်လာဖော ၊ အသက် ၁၀ နှစ်အရွယ် နော်မစန်းမြင့် နှင့် အသက် ၁၂ နှစ်အရွယ် နော်မသန်းသန်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူ ၇ ဦး ထက်မနည်း ရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်လို့ သေဆုံးတဲ့ သူတွေက ကလေးငယ်တွေပဲလို့ ထပ်သိရတယ်။ အသက် ၆ နှစ်ကနေ ၁၂ အရွယ် ကလေးငယ် ၅ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ နေအိမ်တွေ ပျက်စီးတာလည်းရှိတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ်၊ တကူရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁ ဦးအပါအဝင် လမ်းသွားလမ်းလာပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article