26.1 C
Yangon

မုံရွာမြို့နယ် သာစည်အကျဉ်းထောင်ဝင်းနှင့် ရဲစခန်းတို့ကို တိုက်ခိုက်မှုတွင် ရဲ ၃ ဦးသေဆုံး၊ ငါန်းဇွန်တွင်လည်း ဆက်ကြေးကောက်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများကို ဆက်ကြေးကောက်နေသာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၈ရက်နေ့ ညနေ ၄နာရီအချိန်ခန့် ငါန်းဇွန်မြို့နယ် မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများ နှင့် ခရီးသွားကားကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ်ကို S .T .F Ngazun အဖွဲ့က သွား ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မြို့သာစခန်းကနေ မြို့သာစျေးထောင့်ကို လာပြီး ဆက်ကြေးကောက်ကြတာ။ စစ်ခွေး ၁၀ယောက်ဝန်းကျင်လာတာပါ။ တိုက်ခိုက်တဲ့ အချိန်တုန်း ၂ ဦးသေတယ်။ ၂ ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရတယ်။ နောက်ထပ် သတင်းရတော့ စစ်ခွေး ၁​ယောက် ထပ်သေတယ်လို့ ကြားတယ်။ စုစုပေါင်း ၃ ယောက်သေတယ်။ ၂ ဦးကတော့ အပြင်းထန် ထိခိုက်ဒဏ်ရာရတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု Special Task Force Ngazun မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာအနောက်ဘက်ရှိ အကြမ်းဖက် စစ်တပ်၏ ထောင်ကြီးကွင်းနှင့် ရဲစခန်းတို့ကို ဝင်ရောက် တိုက်ခိုက်မှုတွင် ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် – Bamar Army က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၆ရက်နေ့ ညနေ ၅ နာရီခန့်အချိန် မုံရွာမြို့နယ် သာစည်ကျေးရွာအနောက်ဘက်ရှိ အကြမ်းဖက်စစ်တပ်၏ ထောင်ကြီးကွင်းနှင့် ရဲစခန်းတို့ကို ဗမာ့တပ်တော် BAMAR ARMY၊အမှတ် ၂ စစ်ဦးစီးကွပ်ကဲရေးရုံးကွပ်ကဲမှုအောက်ရှိ အမှတ် ၅၀၅ တပ်ရင်း နှင့် မဟာမိတ်ပူးပေါင်းတပ်များက သွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

တိုက်ပွဲဖြစ်ချိန် ၄၅ မိနစ်အတွင်း ၆၀ မမများဖြင့် အကြမ်းဖက်စစ်တပ် ဘန်ကာများကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိခိုက်မရှိ ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ရဲ ၃ ဦးသေဆုံးသည့်အပြင် ထောင်ကြီးကွင်းတွင် အဆောက်အဦးနှင့် ပစ္စည်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မူကို ဗမာ့တပ်တော် BAMAR ARMY၊ အမှတ် ၂ စစ်ဦးစီးကွပ်ကဲရေးရုံး ကွပ်ကဲမှုအောက်ရှိ အမှတ် ၅၀၅ တပ်ရင်း၊ HERO BROTHER MONYWA DEFENCE FORCE (HBMY PDF)၊ MOE HEIN DEFENCE FORCE၊ ဖီးနစ်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (LOCAL)၊ TRUTH ARMY၊ ရွှေတြိဂံမဟာမိတ်တပ်ရင်းတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အညာဒေသမှ တော်လှန်ရေးရဲဘော်များ တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာဒေသမှ တော်လှန်ရေးရဲဘော်များ တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article