28 C
Yangon

စစ်တပ်က လူထုကို အဓိက ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်မှုများနှင့် အကြမ်းဖက် ကျူးလွန်နေမှုများ ပိုမို ပြင်းထန်လာနိုင်၍ ပြည်သူများ အထူးသတိပြုကြရန် တအာင်းပြည်ကောင်စီ သတိပေးချက်ထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

အကြမ်းဖက်စစ်တပ်က လူထုကို အဓိက ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်မှုများနှင့် အကြမ်းဖက် ကျူးလွန်နေမှုများ ပိုမို ပြင်းထန်လာနိုင်၍ ပြည်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန် တအာင်းပြည်ကောင်စီ-TLC က သတိပေးချက်ထုတ်ပြန်သည်။

စက်တင်ဘာလမှစတင်၍ ယနေ့အချိန်အထိ အကြမ်းဖက်စစ်တပ်က ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များရှိ ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများကို ဦးတည်သည့် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အပါအဝင် ဒေသခံပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးသည့်အပြင် ပြည်သူလူထုများစွာ စစ်ဘေးရှောင်နေရကြောင်း၊ အခက်အခဲများစွာ ကြု့တွေ့နေရပြီး တစ်နိုင်ငံလုံးရှိ ပြည်သူများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း TLC က အသိပေးချက် ထုတ်ပြန်သည်။

အကြမ်းဖက်စစတ်ပ်က လူထုကို အဓိက ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း၊ လူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို ရှောင်ရှားသွားလာကြရန်နှင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ သတိဝီရိယဖြင့် အထူးသတိပြု နေထိုင်စေလိုကြောင်း၊ နိုင်ငံရေးနှင့် စစ်ရေး အခြေအနေ အခက်အခဲများကြောင့် ထိခိုက်ဆုံးရှုံးမှုများနှင့် နစ်နာခံစားနေရသည့် လူထုအား ပြည်တွင်းပြည်ပ အဖွဲ့အစည်းဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြရန် TLC က အလေးအနက် ထားတိုက်တွန်းနှိုးဆော်လျက်ရှိသည်။

လတ်တလော စစ်တပ်က TNLA သိမ်းပိုက်ထားသော သီပေါမြို့နှင့် မိုးကုတ်မြို့တို့ကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး ယမန်နေ့ စစ်တပ်၏ ထိုးစစ်မှာ သီပေါမြို့နှင့် ၃ မိုင်အနီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ၊ အခြားတစ်ဖက်တွင်လည်း နမ့်ဆန်မြို့ အပါအဝင် TNLA အထိုင်ချရာ မြို့နယ်အများအပြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း TNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စစ်တပ်က အခု ထိုးစစ်တွေမှာ လူလှိုင်းကို အဓိက သုံးတယ်။ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အရင်လုပ်တယ်။ ပြီးမှ မြေပြင်မှာ လူလှိုင်း လုံးလို စစ်ဆင်ရေးမျိုးနဲ့ လူတွေ အများကြီးသုံးပြီး ထိုးစစ်ဆင်တယ်။” ဟု TNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article