28 C
Yangon

မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားပွဲ စတိတ်ရှိုးမှ ပွဲကြည့်ပြန်လာသော လူငယ် ၃၀ကျော် ကို စစ်တပ် ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ကမ်းနားလမ်းပေါ်ရှိ ဆုတောင်းပြည့်ဘုရားပွဲတွင် Show ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၀ကျော် ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Monywa Roads Information – MRI မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် မုံရွာမြို့ပေါ်တွင် ကမ်းနားလမ်းပေါ်ရှိ ဆုတောင်းပြည့်ဘုရားပွဲတွင် Show ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၀ကျော် ကို အိမ်စီးကား ၅ စီးဖြင့် အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

ထိုအကြမ်းဖက်စစ်ကောင်စီ တပ်သားများ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ မုံရွာမြို့ပေါ်တွင် နေထိုင်လျှက်ရှိသော လူငယ်များဖြစ်ပြီး၊ အသက်အရွယ် ၂၀နှစ်အရွယ်ကနေ အသက် ၃၀နှစ်အရွယ်ရှိသော လူငယ်များဖြစ်ကြောင်းသိရှိရသည်။

“စစ်ခွေးတွေ မနေ့ညက ကမ်းနားလမ်းမှာ လူငယ် ခန့်မှန်းခြေ ၃၀ကျော်လောက်ရှိမယ် ပါသွားတယ်လို့ကြားတယ်။ စစ်ခွေး ဖမ်းဆီးသွားတဲ့ လူငယ်တွေကတော့ အသက် အရွယ်တွေကတော့ ခန့်မှန်းခြေ ၂၀နှစ်ရွယ် ကနေ အသက် ၃၀နှစ်အရွယ်တွေ ဖြစ်ဖို့များတယ်။ အမျိုးသားလား အမျိုးသမီးတွေလားဆိုတာတော့ မသိရသေးဘူး။လူငယ်တွေကတော့ မြို့ထဲပိုင်းက လူငယ်တွေဘဲဖြစ်မယ်။ လက်ရှိမှာ စစ်ခွေးတွေက လူငယ်တွေကို ဘယ်မှာ ဖမ်းဆီးထားလဲ ဆိုတာတော့လည်း မသိရသေးဘူး”ဟု Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပုံမှန်အားဖြင့်လည်း မုံရွာမြို့ပေါ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိပြီး အထူးသဖြင့် မြို့အဝင် အထွက်ဂိတ်များတွင် ဖမ်းဆီးခြင်း၊ ညပိုင်း ရပ်ကွက်များတွင် ဧည့်စာရင်းအကြောင်းပြ၍ ဝင်ရောက် ဖမ်းဆီးခြင်း၊ နေ့အချိန် မြို့အတွင်း အိမ်စီးကားများဖြင့် လှည့်လည် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“မြို့အဝင်အထွက်တွေမှာ ပုံမှန် သူတို့ စစ်ပြီး ဖမ်းနေတာ။ ညပိုင်း ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖမ်းတာလည်းရှိတယ်။ နေ့ခင်းအချိန် အိမ်စီးကားတွေနဲ့ လှည့်လည် ဖမ်းတာလည်းရှိတယ်။ အဖမ်းအများဆုံးက လကုန်ပိုင်းနဲ့လအစပိုင်းတွေ အများဆုံးဖမ်းတယ်” ဟု မုံရွာမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ရှင်းပြသည်။

မုံရွာတစ်မြို့နယ်လုံးအနေဖြင့် တစ်လလျှင် အနည်ဆုံး လူငယ် ၅၀၀ နီးပါး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရပြီး လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများလည်း ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း မုံရွာမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article