32 C
Yangon

ပေါင်းတည်တွင် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ်ဆောင်နေသော ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ် ဆောင်နေသော ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေး တာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ကို ဗျူဟာ ၂၁ ကွတ်ကဲမှု အောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ (၅) ရဲဘော်များက ၎င်းနေအိမ်သို့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် အကြမ်းဖက် စစ်တပ် အတွက် ကျေးရွာအုပ်စုအတွင်းရှိ လူငယ်များကို စစ်မှုထမ်း စုဆောင်းပေးခြင်း ၊ အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ပေးနေသူဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ယင်းနေ့ ည ၁၀ နာရီခန့်တွင် ရေဆည်ကြီးရွာကို ရောက်ရှိလာပြီး နွားခြံကုန်းရွာထဲကို ဒရုန်း ဗုံး ၁ လုံး၊ နွားခြံကုန်းရွာ ဆည်ဘောင်ပေါ်သို့ ဒရုန်း ဗုံး ၂ လုံး လာရောက် ကျဲချခဲ့ပြီး ရေဆည်ကြီးရွာထဲမှ လက်နက်ကြီး၊ လက်နှက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှု အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး ဝင်းမြင့်က အကြမ်းဖက် စစ်တပ် အတွက် ကျေးရွာအုပ်စုအတွင်းမှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်နေတာကြောင့် တိုက်ခိုက်ခဲ့တာပါ” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေး တာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article