တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီအတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်လုပ် ဆောင်နေသူများအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ မှ တာဝန်ခံ ကိုလပြည့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း ကော့သောင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် ရွေးကောက် ပွဲနှင့်ပတ်သက်၍ မြို့ပေါ်တွင်လည်းကောင်း၊ ကျေးရွာအချို့တွင်လည်းကောင်း လှုပ်ရှားဆောင်ရွက်မှု များရှိနေပြီး ကော့သောင်းမြို့နယ်ပကဖ အနေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ အ ရေး ယူဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆွယ်တာမျိုးက မြို့ထဲမှာတော့ အကျယ်အကျယ်တော့မလုပ်သေးဘူး။ နီး စပ်ရာနီးစပ်ရာ တိုးတိုးတိတ်တိတ်လိုက်လုပ်နေတာမျိုးတော့ ကြားနေရတယ်။ ကျေးရွာတွေတော့ တစ်ရွာနှစ်ရွာလောက်တော့ရှိတယ်ကြားတယ်၊ မာရမ်းတို့၊ ခမောက်ကြီး အမှတ် ၄ တို့ဘာတို့လောက် ပဲ မဲစာရင်းကပ်ထားတယ်လို့ သိရတယ်။ အဲဒါကြောင့် သတိပေးစာတွေက ခဏခဏထုတ်ပြန်နေရ တာ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိ အရေးယူထားတာတွေရှိတယ်။ လောလောဆယ် ရဲဘော် တွေ မလုံခြုံသေးလို့ မထုတ်ပြန်သေးတာ၊ အုပ်ကြီးတွေက သတိပေးတာမရလို့ အရေးယူ ထားတဲ့ ကိစ္စတွေ ရှိတယ်။ တစ်ရွာလုံးက စစ်ကောင်စီထောက်တိုင်လုပ်နေတဲ့ရွာတွေရှိတယ်။ အဲဒီရွာက လူ တွေကို အရေးယူထားတာတွေရှိတယ်။ ကျနော်တို့တော်လှန်ရေးအဖွဲ့တွေကို ပြန်ခုခံတာမျိုး တွေ လုပ်နေတာ ရှိတာလို့ အရေးယူထားတာမျိုးတွေရှိတယ်။ ရဲဘော်တွေလုံခြုံရေးအရ သတင်းထုတ် ပြန်လို့ မရသေးလို့ အတိအကျပြောလို့မရသေးတာ။ ရဲဘော်တွေလုံခြုံတာနဲ့ ထုတ်ပြန်ပေးပါ့မယ်” ဟု ကော့သောင်းမြို့နယ်ပကဖ တာဝန်ခံ ကိုလပြည့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး ရွေးကောက်ခံ ကိုယ်စား လှယ်များနှင့် ပြည်သူ့ဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့် စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်သည် ” ဟူသည့် မူကို အခြေခံထားကြောင်း၊ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေး ဆောင်ရွက်နေသည့် အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် များအား ဆန့်ကျင်ကြောင်းနှင့် လုံးဝ (လုံးဝ) ခွင့်ပြုမည် မဟုတ်ကြောင်း ကော့သောင်းပကဖက သတိပေးသည်။
ထို့ကြောင့် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူများအနေဖြင့် အ ကြမ်းဖက်စစ်အုပ်စု၏ အသက်ဆက် အသာစီးရယူရေးနှင့် စစ်အာဏာရှင်စနစ် တည်မြဲ အားကောင်း ရေးကို ရည်ရွယ်ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေး ကောက်ပွဲနှင့် ဟန်ပြငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ခြင်းများကို တော်လှန်ရေး သတိကြီးစွာဖြင့် ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်း မပြုဘဲ ပြတ်သားခိုင်မာသည့် သဘောထား ရပ်တည်ချက်များဖြင့် အားလုံးအတူတကွ တုန့်ပြန် ဆန့်ကျင်သွားကြပါရန် ထပ်မံ တိုက်တွန်းထား သည်။
ထို့အတူ စစ်ကော်မရှင်ခန့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရန် မဲစာရင်းပေးခြင်းကိစ္စရပ်များနှင့် စစ်မှုထမ်းတပ်သား သစ်စုဆောင်း ပေးခြင်း၊ စစ်မှုထမ်းကြေးများပေးခြင်းနှင့် ပေါ်တာကြေးများပေးခြင်း အစရှိသော ကိစ္စရပ်များကို ရပ် တန်းကရပ်ကြရန်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး များ ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းများ မပြုလုပ်ကြရန် ကော့သောင်းပကဖက အထူးသတိပေးထားသည်။
“ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်နေတဲ့သူတွေကို ကျနော်တို့နည်းနဲ့ ကျနော်တို့ အရေးယူနေ တာရှိတယ်။ သူတို့က ဘယ်လောက်အထိ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်ထားလည်းဆိုတဲ့အပေါ်မှာ အခြေအနေကြည့်ပြီးသွားရမှာပေါ့၊ ဒါကတော့ တစ်ချက်ပေါ့၊ မဲဆွယ်ပေးတာမျိုး၊ဘာမျိုးလုပ်ရင် သူ တို့ကို ဖမ်းမယ်၊ ဖမ်းလို့ထွက်ပြေးရင် ကျနော်တို့က အဆုံးလုပ်ဖို့ အစီအစဉ်လည်းရှိတယ်။ မူးယစ် ဆေးဝါးကိစ္စတွေက အုပ်ကြီးနဲ့စစ်ကောင်စီနဲ့ ပေါင်းနေတဲ့လူတွေကပဲ ရောင်းနေတာဆိုတော့ ပူးတွဲ တင်လိုက်တာ။” ဟု ကော့သောင်းမြို့နယ်ပကဖ တာဝန်ခံ ကိုလပြည့်က ပြောဆိုသည်။
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စစ်ရေးအရှိန်များ မြင့် တက်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိစစ်ရေးအသိ၊ သတိရှိကြရန်၊ ခရီးသွားလာရာတွင် ကားများကို မှန်ချမောင်းနှင်ကြရန်၊ တာလဘာအစရှိသော အကာအကွယ်ဖုံး အုပ်ခြင်းများ မပြုလုပ်ကြရန်၊ စစ်ကော်မရှင်၏ ယဉ်တန်းများနှင့် အနီးကပ် မသွားလာကြရန်နှင့် စစ်ကော်မရှင်၏အဆောက်အဦးများအနီး၌ မနေထိုင်ကြရန် မေတ္တာ ရပ်ခံထားသည်။
အဆိုပါ ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိသဖြင့် ထိခိုက်နစ်နာခဲ့ပါက မလိုက်နာသူ၏ တာဝန်သာဖြစ်ကြောင်း ကော့သောင်းပကဖက ထပ်မံ သတိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
