ဒီကနေ့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်းက ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတွေက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်တဲ့အပြင် ခင်ပွန်းဖြစ်သူလည်း အပြင်းအထန်ဒဏ်ရာတွေ တော်လှန်ရေးတပ်တွေရှိရာဘက်ကို ထွက်ပြေး လွတ်မြောက်လာခဲ့တယ်လို့ ကန့်ဘလူခရိုင် PDF အမှတ် ၃ တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင်က သူ့လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ လုပ်ငန်းတာဝန်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စီစစ်မှုကို သူကိုယ်တိုင် လုပ်နေတယ်ဆိုပြီး အတိအလင်း ထုတ်ပြောခဲ့သလို မဲဆွယ်စည်းရုံးရေးအတွင်း စစ်တပ်ကို ဝေဖန်တိုက်ခိုက်ရင် အမတ်လောင်းအဖြစ်ကနေ ပယ်ဖျက်နိုင်တယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်ပြောဆိုသွားပါသေးတယ်။
- မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဒေသ နိုင်ငံရေးသမားတွေရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားခဲ့တယ်ဆိုပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံအထိ လာဖမ်းသွားတဲ့ စစ်တပ်လက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆိုခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံမှာ ဖော်ပြသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




