ဒီကနေ့ အောက်တိုဘာ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
KNU အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၆ ခုက စက္ကူစုတ်အဖြစ် ကြေညာထားတဲ့ NCA စာချုပ်ကို ဆက်ပြီး အကောင် အထည်ဖော်ဖို့ အရင်က လက်မှတ်ထိုးထားတဲ့ အဖွဲ့အားလုံးပါ ပါဝင်ရမယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုနေပြန်ပါတယ်။
-ပဲခူးတိုင်း မင်းလှမြို့နယ်မှာ အကြမ်းဖက် စစ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၂ ဦးကတော့ အသီးသီး သေကုန်ကြသလို တိုက်ပွဲအတွင်း ဒဏ်ရာရသွားတဲ့ PDF ဒုတပ်ခွဲမှူး ၀ဿန်ဟာ စစ်တပ်ဆီမှာ အဖမ်းမခံပဲ လက်ပစ်မိုင်းကို အသေခံဖောက်ခွဲရင်းနဲ့ ကျဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် PDF အမှတ် ၂ တပ်ရင်းရဲ့ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-စစ်ကိုင်းမြို့နယ်က လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်း စစ်တပ် စစ်ကြော်း ဆုပ်ခွာ ထွက်ပြေးသွားတဲ့ အချိန် တော်လှန်ရေးတပ်တွေက ဝင်ရောက်နယ်မြေရှင်းလင်းမှု လုပ်တဲ့အခါ စစ်သားတွေ အသုံးပြုခဲ့တဲ့ မူးယစ်ဆေးဝါးအသုံးပြုမှု ပစ္စည်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




