27 C
Yangon

ဝက်လက် ရွာသာကြီးရွာကို စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးပတ်ကျဲနေ၊ ကျိုက်ထို ကျောက်ဖျားရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးပတ်ကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်က စတင်ပြီး အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးက ဗုံးပတ်ကျဲနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာနေ ပြည်သူများသည် လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းကစတင်ပြီး ရွာသာကြီးကျေးရွာကို နမခ ကနေ တက်လာတဲ့ Gyrocopter ၃ စီးနဲ့ လေကြောင်း တိုက်ခိုက်နေတာပါ။ ပြည်သူတွေ ထိခိုက်မှုရှိမရှိဆိုတာကတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ အောက်တိုဘာ ၁၄ ရက်နေ့နှင့် အောက်တိုဘာလ ၁၅ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ရွာသာကြီးရွာအပါအဝင် သမန်သာကျေးရွာ စာသင်ကျောင်းတို့ကိုလည်း Gyrocopter၊ စက်တပ်လေထီး၊ လေယာတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း KNU-Doo Tha Htu District က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်ရှိ ကျောက်ဖျာရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article