စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ပြောဆိုသည်။
စက်တင်ဘာလ ၂၂ ရက်နေ့တွင် အရာတော်မြို့နယ်၊ မင်းရွာဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ၊ ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် တော်လှန်ရေးအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Generation Z Power – GZP (Mandalay) တပ်ဖွဲ့သည် သပိတ်ကျင်းမြို့နယ် ၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့ ဝန်းကျင်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး အကြမ်းဖက် စစ်တပ်ကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် အရာတော်မြို့နယ်၊ သစ်ချိုကုန်းရွာ စာသင်ကျောင်းကို တံတားဦးလေတပ်မှ တက်လားသော YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။




