ရန်ကုန်၊ အောက်တိုဘာ ၂၀
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ပုသိမ်မြို့တွင် ရပ်မိရပ်ဖဆိုသူများနှင့် တွေ့ဆုံရာတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ လိုက်လံ စည်းရုံးနေခြင်းဖြစ်သည်။
အကြမ်းဖက်မင်းအောင်လှိုင်က ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေး ၃ ပါးကို အလေးထားစောင့်ထိန်းသူ ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေး အမြင်၊ စီးပွားရေးအမြင်နှင့် အုပ်ချုပ်ရေးအမြင်များ ရှိသူများ ဖြစ်ရန်လိုအပ်ပြီး အမှန်တကယ် တိုင်းပြည်နှင့် ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်သည့် သူများဖြစ်ရန် လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသွာမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဲမသမာမှု မပြုလုပ်နိုင်ရန် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ပြင်ဆင်ထားကြောင်း မင်းအောင်လှိုင်က ဆိုသည်။
စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲမှာ နိုင်ငံအတွက် အရေးကြီးသဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း မင်းအောင်လှိုင်က လိုက်လံစည်းရုံးလျက်ရှိသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




