မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မနေ့က ရုံးပင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် တောင်သာမြို့နယ်နှင့် ထိစပ်လျက်ရှိသော နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာ ကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် ဦးကျော်နိုင်နှင့် ဒေါ်ခင်သန်းနု၊ အသက် ၅၇ နှစ်အရွယ် ဦးခင်မောင်ဝင်းနှင့် အသက် ၉၁ နှစ်အရွယ် ဒေါ်ခင်တင့်တို့ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့သို့ အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ သတ်ဖြတ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ် သတိပေးချက်များကို လိုက်နာကြရန် ဒေသတွင်း တော်လှန်ရေး အဖွဲ့အစည်းများက အသိပေး နှိုးဆော်ထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




