26 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းသို့ အင်အားဖြည့်ရန်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်၊ စစ်တပ် ဝင်ရောက်လာခြင်းကြောင့် ပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်

Must read

ရန်ကုန်၊​ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းသို့ အင်အားဖြည့်ရန်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်တပ်ရင်း ၁၅ စစ်ကြောင်းမှူး ကိုနောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေု မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းသို့ အင်အားဖြည့်တင်းရန် လာရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်း တစ်နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကျောက်ရစ်ရဲစခန်းအနီးရှိ ကျေးရွာ ၄ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက သင်္ဘောနဲ့လာပြီး ဆင်ဖြူရှင် တံတားအောက်ဘက်ကနေ မြေပြင်ကို စစ်ကြောင်း ထိုးလာတာ သူတို့ စစ်ခွေးအထိုင်ရှိတဲ့ ကျောက်ရစ်ရဲစခန်းကို ထိုးတာပါ။ အင်အားဖြည့်တင်းဖို့အတွက် လာတာလို့တော့ သိရတယ်။ စစ်ခွေး အင်အားက ၁၀၀ လောက်ရှိတယ်။ ကျနော်တို့ ကျောက်ရစ်ရဲစခန်း မရောက်ခင် လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ် တိုက်ခိုက်တာ စစ်ခွေး ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ အရေအတွက်ကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု မုံရွာခရိုင်တပ်ရင်း၁၅ စစ်ကြောင်းမှူး ကိုနောင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်- Chaung U Revolution Army ၊ နယ်ခံတပ်ရင်းများနှင့် ဒေသခံတော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article