ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးထိမှန်ဒဏ်ရာရကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် TNLA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၃၃ မိနစ်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြိုနယ်၊ ပန်စံကျေးရွာကို တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကြဲချခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်အရွယ် မောင်ဆွေဆိုင် နှင့် အသက် ၃၅ နှစ်အရွယ် မထွေးဟန်တို ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ အိမ်တို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်အထိ လေယာဉ်နှင့်ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း၃၅ ကြိမ် လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၄၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိနေကြောင်း TNLA က သတိပေး ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









