27 C
Yangon

ထီးချိုင့်နှင့် အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေယာဉ်၊ စက်တပ်လေထီးတို့ဖြင့် ဗုံးကျဲနေ၍ ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သွားကြောင်း Tigyaing Revolution -TR အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထီးချိုင့်မြို့နယ် အနောက်ခြမ်း တောမရွာ အနီး မင်းဝံတောင်ရိုးတဝိုက်ကို အကြမ်းဖက်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် မင်းဝံတောင်ရိုးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခု အောက်တိုဘာလပိုင်းအတွင်း ဆက်တိုက် လာရောက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများမရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကိုလည်း အကြမ်းဖက် စစ်တပ်က Gyrocopter ၁ စီး၊ စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က အရာတော်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို Gyrocopter ၁ စီး၊ စက်တပ်လေထီး ၂ စီးတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေ ဗုံးကျဲတဲ့ နေရာကနေ ထွက်လာတဲ့ မီးခိုတွေကိုတော့ တွေ့နေရတယ်။ မီးလောင်နေတာဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ သစ်ချိုကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးလေတပ်မှ တက်လားသော YAK-130 ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article