30 C
Yangon

ကော့ကရိတ်၊ ပေါက်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာ၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံရွာကို Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ထီးဖိုးစံရွာကို Y-12 က ဗုံး ၃၀ ကျော်ကျဲချ တိုက်ခိုက်သွားတာ ပြည်သူတွေလည်း အကုန်လုံးတိမ်းရှောင်နေရတယ်။ စစ်ရှောင် ပြည်သူတွေလည်းထပ်ပြီးတော့ တိမ်းရှောင်နေရတယ်။ ရွာထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျောက်ထစ်ရွာအအနီးတစ်ဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် ပေါက်မြို့နယ် အနောက်ခြမ်းရှိ ကျောက်ထစ်ကျေးရွာ အနီးတဝိုက်ကို တံတားဦး လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကိုလည်း အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်က နမခ မှ တက်လာသော စက်တပ်လေထီး ၁ စီးက ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ဆားလင်းကြီးမြို့နယ် အတွင်း မြေပြင်မှလည်း စစ်ကြောင်းထိုးနေပြီး ကျေးရွာများအတွင်း လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မြေပြင် စစ်ကြောင်းကလည်း ဆည်တည်းရွာသား ၂ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ထားပြီး ထန်းပုရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးလည်းသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့သော အဆောက်အဦးများ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article