30 C
Yangon

နတ်တလင်းတွင် စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခံရသော ရွှေကြာပင်ရွာသား ကိုဝင်းဇော်ထွန်း ရှေ့တန်း တိုက်ပွဲတွင် သေဆုံးပြီး စစ်မှုထမ်းတပ်သား ကိုသီဟလည်း လက်တစ်ဖက် ပြတ်ဒဏ်ရာရ၊ စစ်တပ်က မည်သည့်ခံစားခွင့်မှ မပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ရွှေကြာပင်ရွာသား ကိုဝင်းဇော်ထွန်း ရှေ့တန်း တိုက်ပွဲတွင် သေဆုံးပြီး ရုန်းကုန်းရွာသား ကိုသီဟလည်း လက်တစ်ဖက် ပြတ်သွားပြီး ပြင်းထန်ဒဏ်ရာရထားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနှစ် မတ်လပိုင်းနှင့် မေလပိုင်းတို့တွင် နတ်တလင်းမြို့နယ်၊ ရွှေကြာပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှဝင်းက အကြမ်းဖက် စစ်သားများကို ခေါ်ဆောင်လာပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ရွှေကြာပင်ရွာသား ကိုဝင်းဇော်ထွန်း နှင့် ရုန်းကုန်းရွာသား ကိုသီဟ တို့ စစ်မှုထမ်း တပ်သားများအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ယခုနှစ် ဩဂုတ်လပိုင်းတွင် ရှေ့တန်း တိုက်ပွဲ၌ ရွှေကြာပင်ရွာသား ကိုဝင်းဇော်ထွန်းသည် သေဆုံးခဲ့ပြီး ရုန်းကုန်းရွာသား ကိုသီဟသည် ရှေ့တန်း၌ ကင်းစောင့်နေစဉ် မိုင်းဆွဲ ပစ်ခတ်ခံရပြီး လက်တစ်ဖက် ပြတ်တောက်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ပွဲအတွင်း သားဖြစ်သူ ကိုဝင်းဇော်ထွန်း သေဆုံးခဲ့သော်လည်း မိသားစုဝင်များကို စစ်တပ်က မည်သည့် အကျိုးစားခွင့်မျှ မပေးဘဲ မိသားစုဝင်များကို ဆဲဆို ကြိမ်းမောင်းနေကြောင်း သိရသည်။

“ကျေးရွာ အုပ်စုထဲက ပြည်သူတွေက စစ်မှုထမ်းကြေး လစဉ်ပေးနေကြားထဲကကို ကိုဝင်းဇော်ထွန်းနဲ့ ကိုသီဟကို တာပွန်ရဲစခန်းက ရဲခွေး၊ စစ်ခွေးတွေခေါ်ပြီး အုပ်ကြီး လှဝင်းက အိမ်တိုင်ရာရောက်လာရောက် ဖမ်းဆီးပြီး စစ်တပ်ထဲ ထည့်လိုက်တာ။ ကိုဝင်းဇော်ထွန်းကတော့ ရှေ့တန်းတိုက်ပွဲမှာ သေဆုံးသွားပြီး ကိုသီဟကတော့ ကင်းစောင့်နေရင်း အပစ်ခံရလို့ ဒဏ်ရာရပြီး လက်တစ်ဖက် ဖြတ်လိုက်ရတယ်။ ဒဏ်ရာရသူရော သေဆုံးသူပါ စစ်တပ်ဆီက ဘာခံစားခွင့်မှ မရပါဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောဆိုသည်။

ထို့ပြင် စစ်မှုထမ်းတပ်သားများအဖြစ် ပေါ်တာဆွဲဖမ်းဆီးခဲ့သူ ရွှေကြာပင်ရွာ အုပ်ချုပ်ရေးမှူး လှဝင်းက လက်ရှိအချိန်အထိ စစ်မှုထမ်းစဉ် သေဆုံးသူနှင့် ဒဏ်ရာရသူများ၏ နေအိမ်များကို စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် တစ်အိမ်လျှင် ငွေကျပ် ၅ သောင်း ဆက်လက်ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – မန္တလေးတွင် တိုက်ပွဲများကြောင့် သေဆုံးခဲ့သော ပျူစောထီး​ ခေါ် ပြည်သူ့စစ် ၂ ဦး၏ နာရေး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးတွင် တိုက်ပွဲများကြောင့် သေဆုံးခဲ့သော ပျူစောထီး​ ခေါ် ပြည်သူ့စစ် ၂ ဦး၏ နာရေး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article