33 C
Yangon

စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များကို မူယစ်ဆေးဝါး သုံးစွဲခွင့်ပေးထားဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကျော် ဖွင့်ဟဝန်ခံ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သားများကို မူယစ်ဆေးဝါးသုံးစွဲခွင့်ပေးထားကြောင်း အလင်းဝင်စစ်မှုထမ်းတပ်သား အောင်ကျော်က ဖွင့်ဟဝန်ခံလိုက်သည်။

အောက်တိုဘာလ ၁၇ ရက်နေ့ စစ်မှုထမ်း တပ်သားသစ် ကိုအောင်ကျော်က နောင်ချိုမြို့နယ်အတွင်း တံတားပြင်ဆင်နေသည့် စစ်တပ် စစ်ကြောင်းနှင့်အတူ လိုက်ပါလာစဉ် ထွက်ပြးလွတ်မြောက်လာကာ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ကိုအောင်ကျော်မှာ မန္တလေးမြို့ ကျောက်ဝိုင်းတွင် အလုပ်လုပ်သူဖြစ်ပြီး အလုပ်မှ အပြန် စစ်သားများက ဆိုင်ကယ်ကို တားပြီး မှတ်ပုံတင်စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် ကိုအောင်ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး မကွေး စုဆောင်းရေးတပ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှ တဆင့် နမ့်လန်မြို့သို့ ပို့ဆောင်ဆောင်လိုက်ပြီး စစ်မှု ထမ်း အပတ် စဉ် ၁၂ သို့ တက်ရောက်ခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရစဉ်တွင်လည်း မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်ခွင့်မပေးကြောင်း၊ စစ်ရေးပြရန် လေ့ကျင့်ပေးရာတွင်လည်း မှားယွင်းပါက စစ်သားများက ပါးရိုက်ခြင်း၊ ဖိနပ်ဖြင့် ကန်ခြင်းများ လုပ်ဆောင်ပြီး အနိုင်ကျင့် နှိပ်စက်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ် စခန်းများတွင်လည်း အကြမ်းဖက် စစ်သားများက စစ်မှုထမ်း တပ်သားများကို အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးများ၊ စိတ်ကြွဆေးပြားများကို စိတ်ကြိုက် သောက်သုံးခိုင်းကြောင်း၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်းကိုလည်း အထက်လူကြီးများက တရားဝင်ခွင့်ပြုပေးထားကြောင်း သိရသည်။

“စစ်တပ်ထဲမှာက အရက်သောက်တာတွေ စိတ်ကြွဆေးတွေ ဘာတွေ ပေးတာတွေရှိတယ်။ ကျွန်တော်တို့ အလုပ်ပင်ပန်းတယ်ဆိုရင် တချို့သူငယ်ချင်းတွေဆိုရင် တစ်သောင်းဖိုးဆိုရင် ဘယ်နှလုံးရတယ် ဘာညာ။ သူတို့ အဲ့ဒီအတွက်ပါ သူတို့အချင်းချင်းတွေရောင်းတဲ့ဟာတွေရှိပါတယ်။ အထက်လူကြီးတွေကတော့ သူတို့ကိုယ်တိုင် ပြောတာကတော့ သိသာသိ၊ မမြင်စေနဲ့ဆိုပြီး ကျွန်တော်တို့ကို ပြောတာ မင်းတို့ အရက်သောက်ချင်လည်းသောက် ဒါပေမဲ့ ငါတို့ရှေ့မှာမလုပ်နဲ့ ဆေးချချင်ရင်သာချ ငါတို့ရှေ့မှာမလုပ်နဲ့ အဲ့လိုနဲ့ ပြောထားပါတယ်” ဟု စစ်မှုထမ်း တပ်သားသစ် ကိုအောင်ကျော်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတိုက်ပွဲများ မူးယစ်ဆေးဝါး ကျွေး၍ ရှေ့ဆုံးမှ တက်ခိုင်းကာ တိုက်ခိုက်ခိုင်းကြောင်း စစ်ကိုင်းနှင့်ရှမ်းမြောက်မှ တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုထားပြီး အလင်းဝင် စစ်မှုထမ်းတပ်သားများကလည်း စစ်တပ်အတွင်း မူးယစ်ဆေးဝါးများကို တွင်ကျယ်စွာ အသုံးပြုခွင့် ပြုနေကြောင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article