33 C
Yangon

အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံ ခေါင်းဆောင်များက ပြတ်သားစွာ ငြင်းပယ်ရမည်ဟု ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် တောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံ ခေါင်းဆောင်များက ပြတ်သားစွာ ငြင်းပယ်ရမည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်က စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာ ဖိအားများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ အကြမ်းဖက် စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များက ပြတ်ပြတ်သားသား ငြင်းပယ်ရမည်ဖြစ်ကြောင်း တွမ်အင်ဒရူးစ်က ပြောဆိုထားသည်။

“စစ်အာဏာသိမ်းအစိုးရက လွန်ခဲ့တဲ့ ၄ နှစ်ကျော်က လက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို လေးစားမှုမရှိဘဲ ပစ်ပယ်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများစွာကို ထောင်ထဲမှာ ချုပ်နှောင်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို တားမြစ်ကာ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန် စစ်အုပ်စုက အာဆီယံကို လှည့်စားမယ့် ရွေးကောက်ပွဲတစ်ခုကို တရားဝင်အသိအမှတ်ပြုဖို့ လိုလားနေပါတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုသည်။

ထို့ပြင် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ အာဆီယံသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မဟာဗျူဟာပိုင်း၌ လမ်းဆုံလမ်းခွကို ရောက်ရှိနေကြောင်း တွမ်အင်ဒရူးစ်က အသိပေးပြောဆိုထားပြီး အာဆီယံ ခေါင်းဆောင်များ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လှည့်စားမှုကို တရားဝင်ဖြစ်စေမည့် မည်သည့်အရာကိုမဆို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်သူများကို စေလွှတ်ခြင်းသည်လည်း ရှောင်ရှားရမည့်အထ်တွင် ပါဝင်ကြောင်း တွမ်အင်ဒရူးစ်က ဆက်လက်ပြောဆိုသည်။

“စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းက မြန်မာနိုင်ငံကို နောက်ပြန်ဆုတ်သွားစေပြီး သူတို့ (စစ်အုပ်စု) ရဲ့ အပြစ်တွေကို ကာကွယ်ပေးရာရောက်သွားမယ်” ဟု တွမ်အင်ဒရူးစ်က သတိပေး ပြောဆိုထားသည်။

လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာဆီယံ၏ ယုံကြည်ကိုးစားနိုင်မှုကို အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့် ဖြစ်ပြီး အာဆီယံ အနေဖြင့် မြန်မာစစ်အုပ်စုဆီမှ တာဝန်ခံမှု တောင်းဆိုရန်၊ အကြမ်းဖက်မှု အဆုံးသတ်ရန်၊ သက်ဆိုင်သူ အားလုံးနှင့် အဓိပ္ပာယ်ရှိသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးရန်တို့ကို တောင်းဆိုကာ ခေါင်းဆောင်မှု ပြသသင့်ကြောင်း၊ အာဆီယံကိုလည်း မြန်မာပြည်သူများက မျှော်လင့်နေကြောင်း တွမ်အင်ဒရူးစ်က ဆက်လက်ပြောဆိုထားသည်။

အကြမ်းဖက် စစ်အုပ်စုသည် လာမည့် ဒီဇင်ဘာလတွင် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ရန် ပြင်ဆင်နေပြီး ထိုရွေးကောက်ပွဲကို မြန်မာနိုင်ငံအတွင်းတွင် သာမကဘဲ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်မာလူမျိုးများကလည်း ကန့်ကွက်ဆန္ဒပြမှုလျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Indonesia UN Myanmar
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article