ဒီကနေ့ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်းက တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲပြီး ပြည်သူတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပြန်လည်ပစ်ခတ်မှုအတွင်း တရုတ်ဝမ်ပေါင်ဝင်းအတွင်း ပေါက်ကွဲမှုတွေဖြစ်ပြီး မီးတွေပါ လောင်ကျွမ်းပြီးတော့ အရေးပေါ်အချက်ပေးသံတွေနဲ့ တစ်ညလုံး ရုန်းရင်းဆန်ခတ်တွေဖြစ်နေကြတယ်လို့ ဒေသပြည်သူတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူရဲ့ မိတ်ဖက် ရွှေကုက္ကို ကျားဖြန့်ဂိုဏ်း ခေါင်းဆောင် ရှီကျီကျန်း ကို ထိုင်းနိုင်ငံက တရုတ်အစိုးရလက်ထဲ လွှဲပြောင်းဖို့ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
- မန္တလေးတိုင်းက နွားထိုးကြီး နဲ့ မလှိုင်မြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၁ လကြာ ပိတ်ဆို့ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ဗိုလ်မှူး ကျော်မင်း အပါအဝင် စစ်သား ၃၇ ဦးကတော့သေသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




