30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ် မြ၀တီမြို့နယ်က စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားရာ KK Park က ကျားဖြန့်ငွေလိမ်လုပ်တဲ့ တရုတ်သူဌေးတွေ အပါအဝင် အရေးပါတဲ့သူတွေကို စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ၊ တင်ဝင်းနဲ့ မုတ်သုန်တို့က ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်တပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် မဲစာရင်း စစ်ဆေးသူ များပြားတဲ့အကြောင်းကို တင်ပြခိုင််းနေတဲ့အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နေ့စားတွေခေါ်ပြီး လူစုလူဝေးပုံစံ ဖန်တီးပြီးတော့ မဲစာရင်းစစ်နေသူတွေအသွင်နဲ့ လိမ်လည် တင်ပြနေရတယ်လို့ မြို့နယ်ထွေ/အုပ်သတင်းရင်းမြစ်တချို့ကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • NUG ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းတွေကို မြေပြင်အခြေအနေတွေ အမြဲမပြတ်လေ့လာရင်းနဲ့ မှန်ကန်ပြီး အလုပ်ဖြစ်တဲ့ စီမံမှုတွေ ဖြစ်အောင် ကြိုးစားပေးကြဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်ဝန်းခိုင်သန်းက ပြောကြားလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article