27 C
Yangon

သရက်ချောင်းမြို့နယ်၊ လဘရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြိတ်-ထားတယ် လမ်းပိုင်းရှိ လဘရွာကို သရက်ချောင်းမြို့မှ စစ်သားများက ဝင်ရောက် စီးနင်းပြီး နေအိမ်များကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၄၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများလည်း လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“သရက်ချောင်းမြို့ပေါ်က စစ်ခွေးတွေက မြိတ်-ထားဝယ် ကားလမ်းအနီးကို စစ်ကြောင်းထိုးပြီး လဘကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့သွားတာ နေအိမ် ၄၀ ကျော် ပြာကျတယ်လို့ သိရတယ်။ စစ်ခွေးတွေ စစ်ကြောင်းက အခုထိရှိသေးတော့ ပြည်သူတွေလည်း တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၇၃ လုံးကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article