27 C
Yangon

မြဝတီမြို့နယ်၊ KK Park တွင် ယနေ့ ညနေပိုင်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားပြီး BGF က ရှင်းလင်းရေး လုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park တွင် ယနေ့ ညနေပိုင်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားပြီး BGF က ရှင်းလင်းရေး လုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း နယ်စပ်ဒေသ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် KK Park အတွင်း ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ပြီး မီးခိုးလုံးများ ထွပ်ပေါ်လာသည်ကို ထိုင်းဘက်ခြမ်းမှ မြင်နေရကြောင်း၊ အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်ကလည်း BGF က KK Park အတွင်း ဖောက်ခွဲခဲ့သောကြောင့် ဗုံးအစအနများနှင့် အစိတ်အပိုင်းများသည် ထိုင်းနိုင်ငံဘက်အခြမ်းရှိ နေအိမ်များပေါ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

BGF သည် KK Park အတွင်း ရှင်းလင်းရေး လုပ်ငန်းကို အောက်တိုဘာ ၂၄ ရက်နေ့မှစတင်ပြီး အောက်တိုဘာ ၂၇ ရက်နေ့အထိ နေ့စဉ် ဆက်တိုက် ဖောက်ခွဲရှင်းလင်းနေခြင်းဖြစ်ပြီး ယနေ့တွင် ရှင်းလင်းမှု လုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ကတော့ နံနက်ပိုင်းကော ညနေပိုင်းကော ဆက်တိုက်ကို ဖောက်ခွဲ ရှင်းလင်းနေတာ BGF က ရှင်းလင်းရေး လုပ်ငန်းကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာတာတွေ့ရတယ်။ ကျားဖြန့်နဲ့ ပတ်သက်တာတွေကို ရှင်းလင်းနေတယ်လို့ ယူဆရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မီးခိုးလုံးတွေ ထွက်လာတာကို တွေ့မြင်ခဲ့ရတယ်” ဟု နယ်စပ်ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ပြီး KK Park မှ ကျားဖြန့် လုပ်ကိုင်နေသော နိုင်ငံခြားသားများ အပါအဝင် ကျားဖြန့်လုပ် ကိုင်သူများကို BGF က နှင်ထုတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ကျားဖြန့် လုပ်သား နိုင်ငံခြားသား ၁၀၀၀ ကျော် ထွက်ပြေးဝင်ရောက်လာကြောင်း၊ ထိုင်းအစိုးရက ကျားဖြန့် KK Park မှ ထွက်ပြေးလာသော နိုင်ငံခြားသားများကို ထိန်းသိမ်းစိစစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျှောက်ကို လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article