30 C
Yangon

မြန်မာစစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားများနှင့် အတိုက်အခံအင်အားစုများအားလုံးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို ဖိတ်ခေါ် ဆွေးနွေးမည်ဟု မလေးရှားဝန်ကြီးချုပ် ထုတ်ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

မြန်မာအကြမ်းဖက် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားများနှင့် အတိုက်အခံအင်အားစုများအားလုံးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို ဖိတ်ခေါ် ဆွေးနွေးမည်ဟု မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံအနေဖြင့် တိုင်းရင်းသားလူနည်းစု ၂၇ ဖွဲ့၊ အတိုက်အခံအင်အားစုများအားလုံးကို အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နိုင်ရေးအတွက် မလေးရှားနိုင်ငံသို့ ရွေးကောက်ပွဲမတိုင်မီ ဖိတ်ကြားမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် မြန်မာကိုယ်တိုင် ဦးဆောင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည်သူများ စေလွှတ်ရန် စစ်တပ်၏ ဖိတ်ခေါ်ချက်ကို အာဆီယံက စဉ်းစားနေဆဲသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်ပေးနိုင်ဖို့ ကျနော်တိုက်တွန်းပါတယ်။ မြန်ာမနိုင်ငံအရေးကို မြန်မာနိုင်ငံသားတွေကိုယ်တိုင် ဦးဆောင်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ပြောဆိုသည်။

မြန်မာအကြမ်းဖက်စစ်တပ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့်အတွက် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်လိုက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် အောက်တိုဘာလ ၂၆ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး အချက် ၂၈ ချက်ပါ မြန်မာ့အရေး ဆွေးနွေးချက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အဓိက အချက်များအနေဖြင့် မြန်မာစစ်တပ်က အာဆီယံဘုံသဘော တူ ညီချက် ၅ ချက်ကို အဓိပ္ပာယ်ရှိသော အကောင်အထည်ဖော် တိုးတက်မှုများ မလုပ်ဆောင်သေးလျှင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် နောက်ဆက်တွဲ ဆက်စပ် အစည်းအဝေးများတွင် မြန်မာစစ်ခေါင်းဆောင်များ တက်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ကြေညာချက်တွင် ရွေးကောက်ပွဲများမကျင်းပမီ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YAB Perdana Menteri, Dato’ Seri Anwar Ibrahim semasa Sidang Kemuncak Regional Comprehensive Economic Partnership (RCEP) ke-5 di Kuala Lumpur. 27 Oktober 2025. IZZUDDIN ABD RADZAK/Pejabat Perdana Menteri. NO SALES; NO ARCHIVE; RESTRICTED TO EDITORIAL USE ONLY. NOTE TO EDITORS: This handout videos may only be used for editorial reporting purposes for the contemporaneous illustration of events, things or the people in the visual or facts mentioned in the caption. Reuse of the videos may require further permis
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article