ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁ မှာ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်မှာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာ ဖြစ်ပြီး နောက်ဆုံးငြိမ်းချမ်းရေးမဟုတ်ဘဲ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေး ဝေးလံနေဆဲဖြစ်တယ်လို့ ကိုးကန့်အထူးဒေသ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ MNDAAရဲ့ စစ်ဦးစီးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်သမ္မတထရမ့်ဆီကို မြန်မာ့အရေး အကူအညီပေးဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာကို ဂျပန်နိုင်ငံက အမေရိကန်သံရုံးကတဆင့် အောက်တိုဘာ ၂၂ ရက်နေ့မှာ အမေရိကန်အစိုးရဆီကို ပေးပို့ခဲ့တယ်လို့ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park မှာ မနေ့က ညနေပိုင်းမှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားပြီး BGF က ရှင်းလင်းရေးလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ နယ်စပ်ဒေသ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်မှာ မုဒိမ်းမှုနဲ့ အဖမ်းခံရပြီးထွက်ပြေးလွတ်မြောက်နေတဲ့သူက နောက်ထပ် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၁ ဦးကို မုဒိမ်းကျင့်ပြီး အလောင်းဖျောက်မှုကို NUG ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးရရှိထားသလို ဒေသခံပြည်သူတွေက ဒေသခံပြည်သူတွေက သေဒဏ်ပေးပို့ တောင်းဆိုနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




