30 C
Yangon

တောင်သာနှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စစ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး သေနတ် ၁လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်း တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကင်းစခန်းမှ ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၂ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ၊ G3 အမျိုးအစား သေနတ် ၁လက်နှင့် ကျည်အချို့ သိမ်း ဆည်းရမိခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

” စစ်ခွေး ၂ ဦးစလုံး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မ‌တော် (PLA) ၊ မြင်းခြံခရိုင်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ရှားတောရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်းဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ခံ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ရွှေဘိုမြို့နယ်၊ရှားတောရွာမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ရှိသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ စစ်ဆင်ရေးအတွင်း ရွှေဘိုရှိ စစ်တပ် တပ်ရင်းများက လက် နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ပြီး Y-12 လေယာဉ်ဖြင့် ၉ ကြိမ် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ စာရင်း အတိကျထုတ်ပြန်လို့မရပါဘူး။ အထိအခိုက်များတာပဲ ပြောရမယ်။ စစ်ကြောင်းတွေက မခွာဘဲနေတော့ သတင်းတွေ အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး။ စခတွေရဲ့ ထိခိုက်မှုတွေ အတိကျ တင်မပေးသေးပါဘူး။မြို့ထဲပြန်ဝင်ပြီး ၂၁ ရက်နေ့က စစ်ကြောင်း ပြန်ထိုးလာတယ်။”ဟု ဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ခံ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့ (Phoenix Wings)၊ black wolf ဒရုန်းတပ်ဖွဲ့တို့က မဟာမိတ်များနှင့်အတူ ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article